အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆားလင်းကြီးတွင် အလစ်ဝင်တိုက်ခံရပြီး ရဲ ၄ ဦးသေဟု PDF ပြော

စစ်ကိုင်းတိုင်းတောင်ပိုင်း ဆားလင်းကြီးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က အလစ်ဝင်ရောက်တိုက်ခိုက်ရာ လေးဦးသေဆုံးကာ သေနတ်သုံးလက် သိမ်းဆည်းရမိသည်ဟု သိရသည်။

ဘီယာဆိုင်မှ ပြန်ထွက်လာပြီး ကားတစ်စီးပေါ် တက်ရောက်သွားသည့် ရဲ ငါးဦးကို ယမန်နေ့ (ဒီဇင်ဘာ ၁၉) နံနက် ၈ နာရီခွဲဝန်းကျင်က ယင်းမာပင်ခရိုင် အခြေစိုက် PDF ငါးဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“ဒီကောင်တွေက အထိုင်မပျက်ဘူး။ ရုတ်တရက်အပစ်ခံလိုက်ရတော့ ထိုင်လျက်ကြီးတွေ သေနေတာ။ ဘာလို့သိတာတုန်းဆိုတော့ ကားထဲအထိ သေနတ်ဝင်ကောက်ခဲ့တော့ သိတာ” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် Triple Two Task Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မိနစ်ပိုင်းကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသူများထဲတွင် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးပါဝင်ကြောင်း၊ အခြားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အတူ ပစ်ခတ်မှုအတွင်း အရပ်သူတစ်ဦး သေဆုံးသည်ဟု သတင်းရသော်လည်း အသေးစိတ်မသိရသေးကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပြည်သူက ဘယ်လိုထိသွားတာလဲ မသဲကွဲဘူး။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်တာဆိုတော့။ ထွက်ပြေးတဲ့ကောင်က ပြေးတဲ့အချိန်မှာ ရမ်းပစ်လိုက်သေးတယ်” ဟု ၎င်းက ပြောသည်။

“မစ်ရှင်လုပ်နေတဲ့အချိန်မှာဆိုတော့ ကိုယ့်ကျည်ပဲ ထိတာလား၊ ခွေးတွေကျည်ထိတာလား ဆိုတာကျတော့ ကိုယ့်အပြစ်ကိုယ်ဖို့တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ကျည်ကြောင့်လို့ ဝန်ခံလို့မရလို့ ကျွန်တော်တို့ကြောင့် မဟုတ်ဘူးလို့ ငြင်းလို့မရပါဘူး။ ကျွန်တော်တို့က ပြည်သူက ကျွေးတဲ့ ထမင်းစားနေရတာ။ ကျွန်တော်တို့လည်း အသန့်အရှင်းဆုံးမစ်ရှင်လုပ်ချင်တာပေါ့” ဟု ထိုသူက ဆက်ပြောသည်။

ထိုတိုက်ခိုက်မှုကို Triple Two Task Forceနှင့် Chindwin Galone Yarzar Guerrilla Defense Force၊ Salingyi People ‘S Defense Force ၊ Monywa Trust Of Force ၊ Yinmarbin Local PDF၊ Alpha Special Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း နိုင်ငံအနှံ့ ခုခံမှုများမြင့်တက်နေရာ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းသည်လည်း အပါအဝင်ဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း လေကြောင်းပါသုံး၍ စစ်ကောင်စီက တုံ့ပြန်တိုက်ခိုက်နေသလို ရွာစဉ်လှည့်၍ မီးရှို့နေသည်။

အရပ်သားသေဆုံးမှု၊ ပြည်သူပိုင် အိုးအိမ်များ ပျက်စီးမှုတို့ကို ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button