အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရိုဟင်ဂျာများပိုင်သည့် မြေဧက ၇၀၀ ကျော်ကို စစ်ကောင်စီက ‘တပ်ပိုင်’ အဖြစ် အမည်ဖောက် သိမ်းယူ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်ရင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများဆုံးရှုံးကာ အနာဂတ်မရေမရာဖြစ်နေသည့် ရိုဟင်ဂျာများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် မြေယာများ ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းယူခံလိုက်ရခြင်းပင်ဖြစ်သည်။

ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို အပြီးအပိုင်သိမ်းယူရန် အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် စက်တင်ဘာလနှင့် ယခုလ အောက်တိုဘာလဆန်းတွင် လျှို့ဝှက်ညွှန်ကြားထားသည့် စာများကို Myanmar Now က လက်ခံရရှိထားသည်။

မောင်တောမြို့နယ်အတွင်း အင်းဒင်၊ မြင်းလွတ်၊ မြို့သူကြီး၊ ဇင်ပိုင်ညာ၊ အောင်စစ်ပြင် ကျေးရွာအုပ်စုနှင့် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုရှိ ရိုဟင်ဂျာများပိုင်မြေ ၇၁၈ ဒသမ ၈၇ ဧကကို တပ်ပိုင်မြေအဖြစ် သိမ်းယူရန် စစ်ကောင်စီက ညွှန်ကြားထားခြင်း ဖြစ်သည်။

 

[youtube https://www.youtube.com/watch?v=UtA7rG__msc]

Related Articles

Back to top button