အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ ခရိုင်ဥက္ကဋ္ဌ ပစ်သတ်ခံရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကရင်ပြည်နယ် ဘားအံခရိုင်ဥက္ကဋ္ဌ ယနေ့ (အောက်တိုဘာ ၁၃) နံနက်က နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

ကြံ့ခိုင်ရေးပါတီ ခရိုင်ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၆ နှစ်အရွယ် ခွန်အောင်ကျော်မိုးသည် ဘားအံမြို့ အရှေ့တောင်ဘက် မိုင် ၂၀ ကျော် အကွာ သာမညရွာရှိနေအိမ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“သေနတ်သမားက ၃ ချက် ပစ်သွားတာ။ ပြီးတော့ မသေမှာစိုးလို့ တစ်ချက် ထပ်ပစ်သွားတယ်တဲ့” ဟု ထိုဒေသခံ အမျိုးသားက ဆိုသည်။

နံနက် ၈ နာရီခန့်တွင် ခွန်အောင်ကျော်မိုးပိုင် နေအိမ်၌ တွဲလျက်ဖွင့်လှစ်ထားသည့် လျှပ်စစ်ပစ္စည်းအရောင်ဆိုင်အတွင်း လူတစ်ဦးက စျေးဝယ်သူဟန်ဆောင် ဝင်ရောက်ကာ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပစ်ပြီးတော့ လူတွေ အကုန်ဝိုင်းအုံလာတဲ့အချိန် သေနတ်သမားကတော့ လွတ်သွားတယ်။ တစ်အောင့်နေတော့ လူနာတင်ကားနဲ့ သူ့ကို လာခေါ်သွားတယ်။ အပစ်ခံရချင်းတော့ မသေဘူး။ လမ်းမှာ သေသွားတာ” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။ 

လွန်ခဲ့သည့် သုံးလခန့်ကလည်း ခွန်အောင်ကျော်မိုး၏ နေအိမ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ပြီး စစ်ကောင်စီနှင့် မပတ်သက်ရန် အကြိမ်ကြိမ်သတိပေးခံရဖူးသည်ဟုလည်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းတွင် သာမညရွာအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အပါအဝင် အင်အား ၃၀ ထက်မနည်းသည့် လက်နက်ကိုင်များ ရောက်ရှိလာပြီဖြစ်ကာ ခွန်အောင်ကျော်မိုး၏ မိသားစုဝင်များကို မေးမြန်းနေကြောင်း သိရသည်။

“ဖမ်းမှာကြောက်လို့  လမ်းပေါ်မှာ ဘယ်သူမှ မထွက်တော့ဘူး” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ခရိုင်က္ကဋ္ဌကို မည်သည့်အဖွဲ့အစည်းက လုပ်ကြံသည်ကို မသိရသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူနှင့် ဒေသအာဏာပိုင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ခွန်အောင်ကျော်မိုးအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပစ်သတ်ခံလိုက်ရသည်ကို ကြားသိရသော်လည်း အသေးစိတ်အခြေအနေကို မသိရကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီက မဲမသမာမှုရှိသည်ဟု စွပ်စွဲခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ခွန်အောင်ကျော်မိုးသည် ကရင်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း  ရှုံးနိမ့်ခဲ့သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခွန်အောင်ကျော်မိုးသည် သာမညကျေးရွာအုပ်ချုပ်ရေးမှူးဖြစ် တာဝန်ယူခဲ့ကြောင်း၊ ကန့်ကွက်မှုများကြောင့် သုံးလအကြာတွင် နုတ်ထွက်ခဲ့သူဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီ ထောက်ခံသော သတင်းပေး(ဒလန်) များ၊  ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေး မှူးများ ပစ်ခတ်သတ်ဖြတ်ခံရမှုများ ရှိနေသလို စစ်ကောင်စီတပ်ကလည်း မြို့ပြေပြောက်ကျားအဖွဲ့ဝင်များ၊ PDF များကို သတင်းပေးများ အကူအညီဖြင့် ဖမ်းဆီးရန် ကြိုးပမ်းမှုများ ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button