အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပင်လုံအစည်းအဝေးတက်ခြင်းသည် တရုတ်ဖိအားကြောင့်မဟုတ်ဟု KIA ဗိုလ်ချုပ်ဂွမ်မော် ပြော

(နေပြည်တော်)–ဇွန်လ ၁၁ ရက်မှစ၍ နေပြည်တော်တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ တတိယအကြိမ်ညီလာခံအစည်းအဝေးကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) တက်ရောက်လာခြင်းသည် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ၊ မြန်မာပြည်၏ လက်ရှိနိုင်ငံရေးအခြေအနေများကို တွက်ဆပြီး တက်ရောက်ခြင်းဖြစ်ကြောင်း ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

ပင်လုံအစည်းအဝေးသို့ တက်ရောက်ရခြင်း၏ အကြောင်းရင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အဆက်အသွယ်ပြတ်နေပြီး ပြန်လည် ဆက်သွယ်လိုသောကြောင့်သာ အဓိက ဖြစ်သည်ဟု ၎င်းက သတင်းမီဒီယာများကို ပြောသည်။

“အစည်းအဝေး တစ်ခုနဲ့ တစ်ခုဆိုတာက သူရဲ့ ခေါင်းစဉ်တွေအရ ကွဲပြားသွားပါတယ်။ ပုံသေတွေ မှတ်လို့မရပါဘူး ” ဟု ညီလာခံတက်ရောက်ရန် ယနေ့ နေပြည်တော်သို့ ရောက်ရှိလာ သော  ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

သို့ရာတွင် ယခုအစည်းအဝေးကို တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တိုက်တွန်းမှုများရှိသည်ဟု ရှမ်းပြည်မြောက်ပိုင်းအထူးဒေသ (၄)  မိုင်းလားအဖွဲ.မှ အတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းက ယခုညီလာခံကို တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းအစိုးရ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာပြည်နယ်စပ်ရှိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရတို့က အကြိမ်ကြိမ်အခါခါ တိုက်တွန်းခဲ့သည်ဟု ပြောသည်။

“အဲဒီနေရာမှာရောက်မှ ကိုယ့်ရည်မှန်းချက်တွေကို ပွင့်ပွင့်လင်းလင်းပြောမှ အားလုံးသိမှာပါ။ အဲဒီနေရာမှာဆွေး နွေးမှ ဘာရနိုင်မလဲ။ ဘာမရနိုင်ဘူးလဲဆိုတာကို ကောင်းကောင်းသိမယ်။ မတက်ရင် ရႈံးတယ်။ တက်ရင်ကောင်းတယ်ဆိုပြီး ကျွန်တော်တို့ကို အားပေးတယ်”ဟု၎င်းကပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် ညီလာခံကို နေပြည်တော်ရှိ MICC-2 တွင် ဇူလိုင်လ ၁၁ရက်နေ့မှ ၁၆ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။

ထိုဆွေးနွေးပွဲများတွင် ကေအိုင်ကေ၊ “ဝ” လက်နက်ကိုင်အဖွဲ. UWSA တအာန်းပလောင်လွတ်မြောက်ရေးအဖွဲ့တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား သီးခြားစီတွေ့ ဆုံသွားဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button