အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကြိုးဝိုင်းအပြင်ထွက်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ နိုင်ငံ့လက်ရွေးစင် လက်ဝှေ့သမား

ပြည်တွင်း၊ ပြည်ပတွင် ပြိုင်ပွဲပေါင်း ရာနှင့်ချီ ထိုးသတ်ခဲ့သည့် နိုင်ငံ့လက်ရွေးစင် ရိုးရာလက်ဝှေ့ကစားသမားတစ်ဦးသည် ဆယ်စုနှစ်တစ်ခုကြာ ကျင်လည်ခဲ့သည့် လက်ဝှေ့ကြိုးဝိုင်းကို စစ်ကောင်စီကြောင့် စွန့်ခွာခဲ့သည်။

ကြိုးဝိုင်းအတွင်း ဒဏ်ရာမျိုးစုံရခဲ့ဖူးသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့သမားသည် တော်လှန်ရေးသမားဘဝ ရှေ့တန်းစစ်မြေပြင်တွင် သေလောက်သည့်ဒဏ်ရာ ရခဲ့သော်လည်း စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ပွဲဝင်မည်ဟု ဆိုသည်။

ပြိုင်ပွဲပေါင်း ၁၀၀ကျော်အနက် ရှုံးပွဲ ၂၀ခန့်သာ ရှိခဲ့ပြီး တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရာတွင်လည်း အောင်ပွဲများရရှိခဲ့သူ အသက် ၃၂နှစ်အရွယ် လေးညှို့ရှင်(ခ) ရှမ်းကို သည် လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်ရှိ ကျားဖြူတပ်ခွဲ-၄ တွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။

 

 

 

 

[youtube https://youtu.be/unAO0A4uWeE]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button