အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နေပြည်တော်ကို စစ်ကောင်စီ ခံစစ်ပြင်နေသလား

အရင်က မရှိခဲ့တဲ့ နေရာအနှံ့မှာ ဘန်ကာတွေ၊ ယာယီတဲတွေ အသစ်ဆောက်ပြီး စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ အခု စက်တင်ဘာလဆန်းကစလို့ လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။

မြို့တွင်း အချက်အခြာကျတဲ့ နေရာတွေအပြင် မြို့ပတ်လမ်းပေါ်၊ ဟိုတယ်ဇုန်နဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ ဘန်ကာနဲ့ ယာယီတဲတွေဆောက်ပြီး ရဲတွေက လုံခြုံရေးယူထားတဲ့နေရာ ၁၅ခုထက်မနည်း ပိုများလာတာပါ။

သူတို့ရဲ့ နောက်ဆုံးခံတပ်မြို့ နေပြည်တော်နဲ့ မိုင် ၇၀လောက်ပဲ ဝေးတော့တဲ့ ရှမ်း-ကယား နယ်စပ်အထိ တော်လှန်ရေးအင်အားစုတွေ အားကောင်းလာတာကြောင့် စစ်ကောင်စီဟာ နေပြည်တော်ကို ခံစစ်ပြင်နေရပြီလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://youtu.be/Ol3njV5MDOY]

Related Articles

Back to top button