အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်မြောက်ပိုင်းတွင် စစ်တပ်၏ ရိက္ခာနှင့် လက်နက်တင်ရေယာဉ်နှစ်စီး ပစ်ခတ်ခံရ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ (စက်တင်ဘာ ၁၉) က စစ်ကောင်စီ၏ လက်နက်၊ ရိက္ခာနှင့် စစ်သားများတင်ဆောင်လာသည့် ရေယာဉ် (မော်တော်) နှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ချောင်းအတိုင်း တက်လာသည့် ထိုရေယာဉ်နှစ်စီးကို နံ့သာတောင်နှင့် တောင်ပြိုလက်ဝဲမြို့နယ်ခွဲအကြား မဲဒီရွာအနီးတွင် AA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ပြိုဒေသခံတစ်ဦးက ပြောသည်။​

“နတ်မြစ်ဘက်မှ နေပြီးတော့ မဲဒီချောင်းအတိုင်း ဝင်လာတဲ့ စစ်တပ်က ဘုတ်ကို AA က ဖြတ်တိုက်တာလို့ သိရတယ်။ တချို့က ဘုတ်နှစ်စီးလုံး ဖြုတ်သွား (ပစ်သွား) တယ်လို့ ပြောတယ်။ အဲဒီမှာလည်း အပြန်အလှန်ပစ်ခတ်မှုတစ်ချို့ ရှိခဲ့တယ်။ တောင်ပြိုဗျူဟာကလည်း ပစ်ကူပေးတာရှိတယ်” ဟု ထိုဒေသခံ အမျိုးသားက ဆိုသည်။

မဲဒီကျေးရွာမှာ တောင်ပြိုလက်ဝဲမြို့မှ တစ်မိုင်ခန့်သာ ဝေးပြီး နံ့သာတောင်၊ ကွမ်းသီးပင် စသည့် ကျေးရွာများနှင့် နီးကပ်သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်က လက်နက်နှင့် ရိက္ခာသည်ဆောင်သည့် ရေယာဉ်နှစ်စီး တိုက်ခိုက်ခံရသည်မှာ မှန်ကန်ကြောင်း တောင်ပြိုရှိ နယ်ခြားစောင့်ရဲများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဟုတ်ပါတယ်။ မဲဒီချောင်းအတွင်းမှာ လက်နက်ကြီးနဲ့ AA က ပစ်ခတ်ခဲ့တာလို့ သိရတယ်။ ဘုတ်တွေက ဘာဖြစ်သွားလည်းဆိုတာကိုတော့ မသိရဘူး။ တိုက်ခိုက်ခံရတယ်လို့ သတင်းကြားလို့ တောင်ပြိုဗျူဟာက လက်နက်ကြီးတွေနဲ့ အဲဒီဘက်ကို အကြိမ်ပေါင်းများစွာထုတယ်” ဟု ထိုနီးစပ်သူက ပြောသည်။

စစ်ကောင်စီက အသုံးပြုခဲ့သော ရေယာဉ်များမှာ အရပ်သားပိုင်ဖြစ်သည်ဟု သိရသည်။ တိုက်ပွဲများ ပြင်းထန်နေသည်နှင့်အမျှ ရခိုင်မြောက်ပိုင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများကို AA က ပိတ်ဆို့ထားရာ စစ်တပ်က အရပ်ဘက်ဘက်သုံး ရေယာဉ်များကို အသုံးပြုနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့တွင်လည်း ယခုလ ၁၆ ရက်က စစ်ရေယာဉ်တစ်စီးကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

လတ်တလောတွင် စစ်ကောင်စီနှင့် AA တို့ကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေကာ စစ်တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားသည့်နည်းတူ စစ်ရေးအသာစီးရနေသည်ဟု AA ထိပ်ပိုင်းခေါင်းဆောင်များက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်နှင့် တိုက်ဆိုင်ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် AA နှင့် ARSA အဖွဲ့ ပူးပေါင်း၍ တိုက်ပွဲများဖော်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီက ယနေ့တုံ့ပြန်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles