အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးဝ PDF က နယ်မြေရဲစခန်းကို ဝင်တိုက်၊ ရဲ ၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် ယခုလ ၁၈ ရက်က မစိန်ရွာနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ရဲ ၇ ဦး သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

အပြင်းအထန် ခုခံမှုများရှိသော်လည်း အလစ်အငိုက် ရယူကာ အနီးကပ်ဝင်တိုက်ပြီးနောက် ရဲစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း ကလေးဝ-PDF ယာယီတပ်ရင်းမှူး ကိုနော်အောင်ဆိုသူက ပြောသည်။

“သူတို့က ၅ နာရီခွဲလောက်မှာ နိုးပြီး ဂျူတီချိန်းနေကြပြီဆိုတော့ ကျွန်တော်တို့ ပစ်လိုက်တဲ့အချိန်မှာ ကတုတ်ကျင်းထဲကို ဝင်ပြေးကြတယ်။ ကျွန်တော်တို့က အဝေးက လက်နက်ကြီးပစ်ပြီး၊ သူတို့ ခြံဝင်း အုတ်တံတိုင်းကို ကပ်ပြီး အထဲကို စစ်ကြောင်းခွဲဝင်တာပေါ့။ ပစ်ခတ်မှုကတော့ အပြန်အလှန်ပဲ” ဟု ၎င်းက ပြောသည်။

ထိုနယ်မြေရဲစခန်းတွင် အင်အား ၁၈ ဦးရှိပြီး ဝင်ရောက်တိုက်ခိုက်ချိန်တွင် ရဲနှစ်ဦးမှာ ကလေးဝမြို့ပေါ်သို့ ရောက်ရှိနေကြောင်း၊ အမျိုးသမီးရဲမေတစ်ဦး အပါအဝင် ၇ ဦးသေဆုံးပြီး ကျန်ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ကြောင်းလည်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲအပြီး G3 အမျိုးအစား သေနတ် ၅ လက်၊ Uzi (အူဇီ) သေနတ် ၂ လက်၊ M79 လောင်ချာတစ်လက်၊ မိုင်း ၃ လုံး၊ ကျည်ဆန်မျိုးစုံ ၄၅၀ နီးပါးအပြင် ဆိုင်ကယ်လေးစီး၊ ဆက်သွယ်ရေးစက် နှစ်လုံး၊ ရွှေဆွဲကြိုးတစ်ကုံးနှင့် ငွေကြေးအချို့လည်း သိမ်းဆည်းရမိသည်ဟု ကလေးဝ PDF က ဆိုသည်။ 

နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ရဲ ၇ ဦးအပြင် ရဲမိသားစုဝင် အမျိုးသားတစ်ဦးနှင့် အရပ်သားအမျိုးသမီးလည်း သေဆုံးခဲ့သည့်အတွက် ဝမ်းနည်းကြောင်းလည်း ကလေးဝ-PDF က ထုတ်ပြန်သည်။

ကလေးဝမြို့နယ် အခြေစိုက် ကလေးခရိုင် PDF တပ်ရင်း ၉ အဖွဲ့ဝင်များကို ဇူလိုင် နောက်ဆုံးပတ်က တွေ့ရစဉ်။ (PDF -Kalewa)

ထိုနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မော်လိုက်မြို့မှ စစ်ကားနှစ်စီး ကလေးဝမြို့မှ စစ်ကားတစ်စီး စုစုပေါင်း အင်အား ၇၀ ခန့်ဖြင့် မစိန်ရွာသို့ ရောက်လာကာ သေဆုံးရဲတပ်ဖွဲ့ဝင် ရုပ်အလောင်းများကို ကောက်ယူသွားကြောင်း သိရသည်။​

တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး တစ်ဦးကိုမူ ကလေးဝဆေးရုံသို့ ပို့ဆောင်ထားသည်ဟု PDF ထံမှ သိရသည်။

မစိန်ရွာသည် ကလေးဝမြို့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတွင် ရှိသည့် တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရန်ရှာလာမည်စိုးသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ဟုလည်း သိရသည်။​

“မနေ့ကတော့ မစိန်ရွာက ရှောင်သွားတဲ့ ဒေသခံတွေကို ရွာပြန်လာဖို့ စစ်ကောင်စီက ပြန်ခေါ်နေတယ်။  ပြန်လာရင်လာ မလာရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ စကားလုံးတွေလည်း လွှင့်နေတယ်ဆိုပြီး ကြားရတယ်” ဟု ကလေးဝ-PDF မှ ကိုနော်အောင်က ပြောသည်။

မစိန်ရွာအတွင်း စစ်တပ်က အင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသလို ရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်ဟုလည်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button