
“သားသားကို သတ်လိုက်ပါ မေမေရာ”- မောင်ဘုန်းတေဇ၊ ၇နှစ်
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး ရဟတ်ယာဉ်နှစ်စီးဖြင့် တစ်နာရီနီးပါးကြာ ရက်ရက်စက်စက် ပစ်ခတ်ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူ ၆ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် စစ်သားများက ထပ်မံပစ်သတ်သဖြင့် နောက်ထပ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၇ဦး သေဆုံးခဲ့ရာ ထိုနေ့က လက်ယက်ကုန်းရွာတွင် သေဆုံးသူ ၁၃ဦးအထိ ရှိခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်သည့် ထိုကျူးလွန်မှုများကို မျက်မြင်တွေ့ရှိခဲ့သူ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://youtu.be/WQOQEzzCIDs]



