အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လက်ယက်ကုန်းရွာ ကလေးငယ်များ သတ်ဖြတ်ခံရမှုကို မျက်မြင်တွေ့ရှိခဲ့သူ

“သားသားကို သတ်လိုက်ပါ မေမေရာ”- မောင်ဘုန်းတေဇ၊ ၇နှစ်

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး ရဟတ်ယာဉ်နှစ်စီးဖြင့် တစ်နာရီနီးပါးကြာ ရက်ရက်စက်စက် ပစ်ခတ်ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူ ၆ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် စစ်သားများက ထပ်မံပစ်သတ်သဖြင့် နောက်ထပ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၇ဦး သေဆုံးခဲ့ရာ ထိုနေ့က လက်ယက်ကုန်းရွာတွင် သေဆုံးသူ ၁၃ဦးအထိ ရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်သည့် ထိုကျူးလွန်မှုများကို မျက်မြင်တွေ့ရှိခဲ့သူ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

[youtube https://youtu.be/WQOQEzzCIDs]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles