
စစ်ကောင်စီတပ်ကနေ နောက်ထပ် စွန့်ခွာလာမယ့် ရဲနဲ့ စစ်သားတွေကို ငွေကျပ် ၃သိန်းကနေ သိန်း ၂၀အထိ ချီးမြှင့်မယ်လို့ “ပြည်သူ့သားကောင်း” လို့ အမည်ပေးထားတဲ့အဖွဲ့က ကြေငြာလိုက်ပါတယ်။
ဘက်ပြောင်းလာမယ့် ရဲနဲ့ စစ်သားတွေအနေနဲ့ ပြည်သူ့သားကောင်းအဖွဲ့ရဲ့ တယ်လီဂရမ်ချန်နယ်ကို တိုက်ရိုက်ချိတ်ဆက်နိုင်သလို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီ ကိုယ့်အစီအစဉ်နဲ့ကိုယ် ခိုလှုံလာသူတွေကိုလည်း စိစစ်ပြီး ချီးမြှင့်ငွေပေးသွားမယ်လို့ ဆိုပါတယ်။
ပြည်သူ့သားကောင်း အစီအစဉ်ကို CDM ဝင်ထားပြီးသား စစ်သားတွေ၊ ရဲအရာရှိတွေနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတချို့ ပူးပေါင်းပြီး အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/RlAQRZpwzY8]