
“ပြည်မနေ ဗမာလူမျိုးတွေရဲ့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ NUG အပါအဝင် တခြားအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့က အသိအမှတ်ပြုတယ်။ ဒီလုပ်ရပ်တွေကိုလည်း လေးစားတန်ဖိုးထားတယ်”- ခိုင်သုခ၊ ရက္ခိုင့်တပ်တော်
ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ ဘယ်လိုထိုးစစ်မျိုးကိုမဆို အကောင်းဆုံးခုခံတိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားတယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ ဆော်ဩနေကြတဲ့အပေါ် AA ရဲ့ သဘောထား အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေနဲ့ နွေဦးတော်လှန်ရေးအပေါ် AA ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/cPR0YK5RB7s]