အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာရှိ တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးဖြင့်ပစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ကို စက်တင်ဘာ ၅၊ ည ၈နာရီခန့်တွင် ဒေသကာကွယ်ရေးအဖွဲ့များက လက်လုပ်လက်နက်ကြီးဖြင့် ၂၁ ချက် ပစ်ခဲ့သည်။ 

၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးကျည်များသုံး၍ နာရီဝက်ခန့် ပစ်ခတ်ခဲ့ရာ နမခ ဧရိယာအတွင်းရှိ အမှတ် ၆၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်အတွင်း ကျရောက်ပေါက်ကွဲသည်ဟု Chindwin Attack Force က ယမန်နေ့ (စက်တင်ဘာ ၆) တွင် ထုတ်ပြန်ကြေညာသည်။

တိုက်ခိုက်မှုကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်မတော် လက်အောက်ခံ Chindwin Attack Force မှ တပ်ရင်း ၂ ရင်း၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့များဖြစ်သည့် Fight For People, Future Star L-PDF, Cobra Special Forces, Monywa Black Boys တို့ ပူးပေါင်းလုပ်ဆောင်ကြောင်း ထိုအဖွဲ့များထံမှ သိရသည်။

“အဲဒီအရင် တစ်ရက်က ဘုတလင်နယ်ထဲကို (စစ်ကောင်စီက) စစ်ကြောင်းထိုးတော့ လမ်းမှာ ဖြတ်ထုတာ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မထိရောက်တော့ သူတို့စခန်းကို သွားထုတာ။ အထိခိုက်အပျက်အစီးများတယ်ပဲ သိရသေးတယ်။ ဘာတွေ ထိခိုက်ပျက်စီးလဲ မသိရသေးဘူး” ဟု Future Star L-PDF အဖွဲ့ခေါင်းဆောင် စမစ် ဆိုသူက ပြောသည်။

“ကျွန်တော်တို့ရှိတာလေးနဲ့ ဖြစ်အောင်ပဲ လုပ်လိုက်တာ။ လက်နက်ကြီးဦးစားပေးနဲ့။ …. ကျွန်တော်တို့ ဦးတည်တာတော့ (စစ်ဌာနချုပ်ရဲ့) ခန်းမကို ဦးတည်တာ။ သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ဒေသကာကွယ်ရေးအဖွဲ့များက မည်သည့်နေရာမှ မည်သို့ တိုက်ခိုက်သည်နှင့် မည်မျှ ထိခိုက်ပျက်စီးသည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

သို့သော် ၁၂၀ မမ ဖြင့် ပစ်ခတ်နေချိန်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပြန်ပစ်ကြောင်း၊ ထို့နောက်တွင် ကားသုံးစီးဖြင့် ပစ်ခတ်ကာ တက်လာသဖြင့် တပ်ပြန်ဆုတ်ပေးခဲ့ရကြောင်း စမစ်က ဆက်ပြောသည်။

နမခ တပ်ဆေးရုံတွင် ရှိနေသူတစ်ဦး၏ အဆိုအရ လက်နက်ကြီးကျည် ကျရောက်အပြီး ဆေးရုံသို့ ရောက်လာသူ မရှိဟု သိရသည်။

ယခု လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို လုပ်ဆောင်သည့် အဖွဲ့ ၅ ဖွဲ့မှာ စက်တင်ဘာ ၄ ရက် ညနေပိုင်းကပင် မုံရွာမြို့မြောက်ဘက် ဘုတလင်မြို့နယ် ဇီးတောရွာတောင်ဘက်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကြောင်းကို လက်လုပ်လက်နက်ကြီး ၁၇ လုံးဖြင့် ပစ်ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု Chindwin Attack Force ၏ ယနေ့ (စက်တင်ဘာ ၇) ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသလို သီးခြားအတည်မပြုနိုင်သေးပေ။

အာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်၊ ပစ်သတ်သည့် စစ်ကောင်စီတပ်ကို လက်နက်ကိုင် ခုခံတော်လှန်မှု ၁ နှစ် ကျော်လာချိန်တွင် တပ်စခန်းငယ် အများအပြားကို ဝိုင်းဝန်းတိုက်ခိုက်နိုင်ခဲ့ကြသော်လည်း စစ်တိုင်း အခြေချသည့်နေရာကို တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ပြောက်ကျားစနစ် ကျင့်သုံးသည့် တော်လှန်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှုထဲတွင် စစ်ကောင်စီတပ်ကို လမ်းတွင် ချုံခိုတိုက်မှုက အများစု ဖြစ်သည်။

တိုက်ပွဲဝင်လက်နက်ဖြစ်သော မောင်းပြန်ရိုင်ဖယ် နည်းပါးသည့် ထိုအဖွဲ့များက လက်လုပ်မိုင်းကို ပိုမို အားပြုနေရသဖြင့် ရင်ဆိုင်တိုက်ပွဲဖော်နိုင်ရန် အခြေအနေမပေးသေးပေ။

ပြည်သူအများအပြားက တော်လှန်ရေးအဖွဲ့များကို လှူဒါန်းနေကြသည်။

ရရှိသည့် ထောက်ပံ့မှုဖြင့် လက်နက်များ ကိုယ်တိုင်ထုတ်လုပ်နေသည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button