သတင်း

ရန်ကုန်၊ သိမ်ဖြူလမ်းထောင့်တွင် မီးလောင်မှုဖြစ်၊ လူထိခိုက်ဒဏ်ရာမရှိ

ဇူလိုင်လ ၃၁ ရက် ည ၈ နာရီခွဲခန့်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဒုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်မှာရှိတဲ့ UAB ဘဏ်ဘေးချင်းကပ်က နေအိမ်ပထမထပ် တိုက်ခန်းတစ်ခုမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့ရဲ့အဆိုအရ မီးဟာ Level 1 အဆင့်သာ ရောက်ရှိခဲ့ပြီး မီးသတ်ယာဉ် ၁၀စီးခန့်နဲ့ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေ မရှိပေမယ့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘူးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Show More

Related Articles

Back to top button