ရုပ်သံသတင်း

စစ်ကောင်စီတပ်ဖွဲ့များ အသေထွက်သာ ထွက်ခွင်ရမည့်ကိန်းဆိုက်နေ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသဖြင့် အင်အားချိနဲ့လာသည့် စစ်ကောင်စီသည် ကူးစက်ရောဂါရှိသည့် စစ်သည်၊ အရာရှိများကိုပင် တပ်မှထွက်ခွင့်မပြုတော့ဟု စစ်တပ်အသိုင်းထံမှ သိရသည်။

ယခင်က အသည်းရောင်အသားဝါ B ပိုး၊ C ပိုး ကူးစက်ခံထားရသည့် တပ်ဖွဲ့ဝင်များ အနားယူခွင့်ရသော်လည်း ယခုတွင် A ဟု အတိုကောက် ခေါ်ကြသော ခုခံအားကျဆင်းမှုရောဂါ (AIDS) ရှိသူများပင် အလွယ်တကူထွက်ခွင့်မရတော့ဟု တာဝန်ထမ်းဆောင်ဆဲ စစ်သားများက ပြောသည်။

လူထုထောက်ခံမှုမရသည့် စစ်ကောင်စီသည် အဘက်ဘက်က ချည့်နဲ့လာသဖြင့် အောက်ခြေစစ်သားများကို အသေထွက်သာ ထွက်ခွင့်ပေးမည့်သဘော ဖြစ်နေသည်ဟု စစ်ရေးဆိုင်ရာ လေ့လာသူများက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/wKIkHd6g2Po]

Show More

Related Articles

Back to top button