
အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ လက်ထက်က ပြည့်ရတနာ ဆိုပြီး ဖူးဖူးမှုတ်ခံခဲ့ရသည့် ရန်ကုန်မှ ဆင်’ဖြူ’ များမှာ ယခုအခါ အရောင်အဆင်း မွဲပြာလျက် သိသိသာသာ ပိန်ချုံးနေသည်။
အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ သူ့လက်ထက် မွေးလာသည့် ဆင်’ဖြူ’ က စီနီယာအာဏာရှင်များလက်ထက်က ဆင်ဖြူ’ များထက်ပို၍ သာလွန်သည်ဟု ကြွေးကြော်ထားသည်။
မင်းအောင်လှိုင်သည် ယခင်က မကြုံဖူးသည့် စစ်ရေး၊ နိုင်ငံရေး ဖိအားများနှင့် ရင်ဆိုင်နေရပြီး ကူရာကယ်ရာမဲ့ကာ စိတ်ထင်ရာ လျှောက်လုပ်နေခြင်းသာ ဖြစ်သည်ဟု တပ်မတော်ဆေးတက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းခဲ့သည့် စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/2q09OLZTmSI]