အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းစိန်မှ ဓားစာခံ ၃ ဦးတွင် အသက် ၈၀ အရွယ် အမျိုးသား ပါဝင်

စစ်ကောင်စီတပ်က ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ အမျိုးသားတစ်ဦးကို မတွေ့သဖြင့် အသက် ၈၀ အရွယ် အမျိုးသားနှင့် မိသားစုဝင်များကို ဓားစာခံအဖြစ် ဩဂုတ် ၄ နေ့လယ်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

စဉ့်ငူရပ်ကွက် နဝရက် (၄) လမ်းတွင် နေထိုင်သည့် ဖခင်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရပ်ကျေးအတွင်းရေးမှူး ဦးလှဖေနှင့် ဇနီး၊ ချွေးမတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု တိမ်းရှောင်နေရသူ သားဖြစ်သူက ပြောသည်။

“ကျွန်တော့်အဖေအိမ်ကို အရင်ဝင်တယ်၊ အဖေရယ် အမေရယ်ကို ခင်ဗျားတို့ရဲ့သား အငယ်ကောင် ဘယ်မှာလဲဆိုပြီး ဝင်တယ်၊ အိမ်မှာရှိသမျှပစ္စည်းတွေ အကုန်သိမ်းသွားတယ်၊ လူတွေကိုလည်း ဖမ်းသွားတယ်၊ နောက်ပြီး မရီးအိမ်ကိုလည်း ထပ်ဝင်ပြီး ဖမ်းတယ်”ဟု သူက ဆိုသည်။

နေအိမ်ရှိ ဆန်အိတ်များ၊ ဆီများပါမကျန် သယ်ဆောင်သွားကြသည်ဟု ကြားသိရကြောင်း သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူ့တို့ခေါ်သွားတဲ့အချိန်မှာ ကျွန်တော့် အဖေအမေတို့ရော မရီးကိုရော ကြိုးတွေတုပ်တယ်၊ မျက်နှာတွေ ခေါင်းစွပ်စွပ်တယ်၊ အဲဒီလိုခေါ်သွားတယ်” ဟု ပြောသည်။ 

“အသက်လည်းကြီးပြီ NLD ရပ်ကျေးအတွင်းရေးမှူးဖြစ်တာနဲ့ပဲ သူတို့တစ်ခုခုလုပ်လိုက်မှာကို အရမ်းစိုးရိမ်နေတယ်”

မိသားစုဝင်များ မည်သည့်နေရာတွင် ထိန်းသိမ်းစစ်ဆေးခံနေရသည်ကို မသိကြောင်း သူက ဆက်ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ပစ်ခတ်နေသော စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားပုံ

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိရန် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့်နေ့မှစပြီး ဆန့်ကျင်သူဟု ယူဆရသူများကို နေ့စဉ် ဖမ်းဆီးလျက်ရှိသည်။

စစ်ကောင်စီက နိုင်ငံအနှံ့မှ အာဏာသိမ်းမှု ဆန့်ကျင်သည့် ပြည်သူ ၁၁,၉၂၅ ဦးထက်မနည်းကို ဆက်လက် ဖမ်းဆီးထားသည်၊ ထိုအထဲတွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ ၆၄၆ ဦး ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ လက်လှမ်းမီသမျှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်လေ့ရှိသော်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ ပြောဆိုလေ့မရှိပေ။ ထိုပွဲများသို့ တက်ရောက်သတင်းယူသူတို့ကလည်း ထိုအကြောင်းအရာကို မေးမြန်းလေ့မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button