ရုပ်သံသတင်း

မင်းအောင်လှိုင်ရဲ့ ဘုရင်ရူးသွပ်မှု အရှိန်တက်နေပြီ

ဘုန်းတန်ခိုးကြီးမားသည့် မင်းတစ်ပါးအလား လူထု၏ အသိအမှတ်ပြုမှုနှင့် လူရာဝင်မှုကို အထူးလိုလားနေသူ အာဏာသိမ်းစစ်ခေါင်းဆောင်၏ နောက်ထပ် ရူးသွပ်မှုတစ်ခုမှာ ‘ဆင်’ ဖြစ်သည်။

တိုင်းပြည်ကို မင်းကောင်းမင်းမြတ် အုပ်ချုပ်လျှင် ဆင်ဖြူ ပေါ်ထွန်းလေ့ရှိသည်ဟူသော အခြေအမြစ်မရှိသည့် အယူအဆကို ယုံကြည်နေသူ မင်းအောင်လှိုင်သည် အာဏာမသိမ်းခင်ကတည်းက ဆင်ဖြူရှာပေးရန် တပ်တွင်းညွှန်ကြားချက် ထုတ်ခဲ့ဖူးသည်ဟု CDM တပ်အရာရှိက ပြောကြားသည်။

ယခုနောက်ပိုင်း မင်းအောင်လှိုင်၏ အပြောအဆို၊ အပြုအမူများသည် ဆေးပညာအရ Cognitive Bias ဟုခေါ်သော အတွေးအခေါ်မမှန်သည့် ပုံစံပေါက်နေကြောင်း၊ အရပ်အခေါ်ဆိုလျှင် ‘ဘုရင်ရူး’ ဟု ဆိုနိုင်သော်လည်း ဆေးပညာအရ အတိအကျပြောရန် ခက်ခဲကြောင်း စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/AXGJd6ywijg]

Show More

Related Articles

Back to top button