အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာမြို့ပေါ်ရှိ Mytel ရုံးတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့များ စီးနင်း

စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ပေါ်ရှိ စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော Mytel ရုံးကို ဝင်ရောက် စီးနင်းခဲ့ပြီး စက်ပစ္စည်းများနှင့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းရမိခဲ့သည်ဟု ပါဝင်ခဲ့သည့် အဖွဲ့များထံမှ သိရသည်။

သြဂုတ် ၂ မွန်းလွဲပိုင်းက မုံရွာမြို့ လယ်တီရပ်ကွက်ရှိ အဆိုပါရုံးကို မုံရွာ PDF, မုံရွာပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့နှင့် မုံရွာပြည်သူ့လုံခြုံရေးတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

မုံရွာမြို့ပေါ် ကျောက္ကာလမ်းနှင့် မိုးကောင်းဘုရာလမ်းအနီးတွင် ဖွင့်လှစ်ထားသည့် Mytel ရုံးကို စီးနင်းရန် အဆင်မပြေသဖြင့် အခြားရုံးခွဲတစ်ခုကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟု မုံရွာ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ရုံးချုပ်မှာက အမြဲတမ်း အစောင့်ရှိတယ်။ တိုက်ကလည်း ၃ ထပ်တိုက်ဆိုတော့ စနိုက်ပါတွေ ဘာတွေ ထားတယ်။ ကင်းတွေက အမြဲရှိတယ်။ အဲဒီရုံးက လည်တော့ လည်ပတ်တယ်။ အစောင့်တွေလည်းရှိတယ်။ အဲဒီမှာ ဝင်လုပ်ဖို့က အဆင်မပြေတော့ တခြားမှာ ခွဲထားတဲ့ ရုံးကို ကျွန်တော်တို့က ဝင်စီးလိုက်တာ” ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စီးနင်းမှုအတွင်း လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများနှင့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ၊ Mytel Wifi စက်အလုံး ၁၀၀ ကျော်၊ Routers စက် ၄ လုံး၊ လိုင်းဖြတ်စက် ၄ လုံး၊ Laptop ၄ လုံးကို သိမ်းဆည်းရမိခဲ့ရာ စက်ပစ္စည်းများကို မီးရှို့ရှင်းလင်းခဲ့သည်ဟု မုံရွာ PDF ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PDF များ စီးနင်းခဲ့သည့် Mytel ရုံးမှာ ရုံးခွဲအဖြစ် လူသိမခံဘဲ လူ ၁၀ ဦးထက်မနည်းဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ ဝင်စီးနင်းစဉ် ဝန်ထမ်း ၅ ဦး ရှိနေကြောင်း မုံရွာ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စီးတဲ့အချိန်မှာ ဝန်ထမ်းတွေရှိတယ်။ ကျွန်တော်တို့ ဘာမှ မလုပ်ခဲ့ဘူး။  သူတို့တွေကို နောက်နောင် ရုံးဆက်မတက်ဖို့ နှုတ်ကတိနဲ့ လွှတ်ပေးခဲ့တယ်။ တခြားသော (စစ်ကောင်စီ) ထောက်တိုင်တွေကိုလည်း ဒီလိုလုပ်ရင် ဖမ်းဆီးအရေးယူမယ်ဆိုတာသိအောင် ပဏာမ လုပ်လိုက်တာ” ဟု မုံရွာ PDF တာဝန်ရှိသူက ဆိုသည်။

စစ်အုပ်စု၏ အကျိုးစီးပွားတစ်ခုဖြစ်သည့် Mytel တွင် ဆက်လက် ပါဝင် ပတ်သက်ခြင်းမပြုကြရန် မုံရွာ PDF က သတိပေးထားသည်။  စစ်အုပ်စု၏ အကျိုးစီးပွားတွင် ပါဝင်ပတ်သက်နေသည့် ထောက်တိုင်များကို အမြစ်ပြုတ်ချေမှုန်းသွားမည်ဟု ဆိုသည်။

Mytel တာဝါတိုင်များကို နိုင်ငံအနှံ့ ဒေသခံကာကွယ်ရေးအဖွဲ့များက ပစ်မှတ်ထား ဖျက်ဆီးနေသည်။

အလားတူ ယမန်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) ကို ဒေသခံ ပြောက်ကျားအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ရာ ဦးစီးမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီ နယ်မြေစိုးမိုးမှုရှိသော မြို့ပေါ်များတွင်ပါ PDF များက ပြောက်ကျားတိုက်ခိုက်မှုသာမက ပစ်ခတ်စီးနင်းမှုများပါ ပြုလုပ်လာခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button