အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆောကျောက်မီးသွေးတွင်းပြိုကျ၊ ပိတ်မိသူများအား ဆက်လက်ရှာဖွေနေ

ရန်ကုန် –  မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် စက်တင်ဘာလ ၆ ရက် ယမန်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ ပြီးနောက် ပြိုကျခဲ့သည့် မြေအောက်ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသည့် လုပ်သားများကို ဆက်လက် ရှာဖွေနေကြဆဲဖြစ်သည်။

အဆိုပါ မြေအောက်ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပြီး၊ ငါးဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ကြေးနန်းသတင်းများကို ကိုးကားပြီး မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ နေ့လယ်ပိုင်းက ပြောသည်။

ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာနှင့် လေးမိုင်ခန့်အကွာတွင် တည်ရှိသည့် အဆိုပါကျောက်မီးသွေးတွင်းအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းလုပ်ရန် ဆောအပါအဝင် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှ ကယ်ဆယ်ရေး တပ်ဖွဲ့များ ရောက်နေကြကြောင်း ဒေသခံများက ပြောသည်။

မတော်တဆမှုဖြစ်ခဲ့ပြီး ၂၄ နာရီကျော်ကြာသည်အထိ ရှာမတွေ့သေးသည့် မိုင်းတွင်းလုပ်သားများ အသက်ရှင်ရေးအတွက် ခန့်မှန်းရခက်သည့်အခြေအနေဖြစ်ကြောင်း ဒေသခံ ဦးထွန်းထွန်းဝင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့တွေ အသက်အန္တရာယ် ရှိတယ်မရှိဘူးလို့တော့ အတိအကျမပြောနိုင်ဘူး။ ကံကောင်းလို့ ရေနဲ့နီးတဲ့ နေရာမှာရှိနေရင်တော့ သိပ်စိတ်ပူစရာမရှိဘူး။ အောက်စီဂျင်ရနိုင်တယ်လေ။ ဒါပေမဲ့ ရေနဲ့မနီးဘူးဆိုရင်တော့ သူတို့အတွက် အသက်အန္တရာယ် ရှိနိုင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအစောပိုင်းကလည်း စစ်ကိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအနီးရှိ ပုဂ္ဂလိကကျောက်မီးသွေး တွင်းတစ်ခု၌ အောက်ဆီဂျင်ပြတ်သဖြင့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် မိုင်းလုပ်သား ငါးဦး သေဆုံးခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလကလည်း မကွေးတိုင်းဒေသကြီး မင်းဘူးနှင့် ငမဲမြို့နယ်အစပ်ရှိ ကျောက်မီးသွေးတွင်း တစ်တွင်း ပြိုကျခဲ့ရာ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button