အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က ဆားလင်းကြီးတွင် ၅ ဦး သတ်ပြီး ၂၀ ဖမ်းဆီးထားဟု PDF ပြော

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေမိန်တောင်ရွာတွင် တစ်ည စခန်းချပြီး စစ်ကောင်စီတပ် ထွက်ခွာသွားသည့် ယနေ့ (ဇူလိုင် ၂၆) တွင် အမျိုးသား ၅ ဦး၏ ရုပ်အလောင်းများ ကျန်ရစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်သားများက မြို့တောင်ဘက် ၈ မိုင်ကျော်အကွာရှိ ထိုရွာတွင် ၂၅ ရက်နေ့က တပ်စွဲပြီးနောက် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ရွာအနောက်တောင်ဘက်တွင် မြှုပ်ထားသော ၂ လောင်း၊ ရွာအနောက်ဘက် နေအိမ်တစ်လုံးတွင်လည်း ဦးခေါင်း ၁ ခြမ်းစီ ပွင့်နေသော ၂ လောင်း၊ ရွာမြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ရေမိန်မြောက်ရွာတွင် ကျည်သင့်ဒဏ်ရာနှင့် ၁ လောင်းတို့ကို တွေ့ရသည်ဟု ဆားလင်းကြီး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နေအိမ်အတွင်း သေဆုံးနေသူများမှာ အသက် ၇၀ အရွယ် ဦးချစ်ရွှေ၊ ၄၅ နှစ်အရွယ် ဦးအောင်မိုးတို့ဖြစ်ပြီး ရေမိန်မြောက်ရွာမှ သေဆုံးသူမှာ ၄၇ နှစ်အရွယ် ဦးအောင်ခိုင်ဖြစ်သည်ဟု PDF တပ်ဖွဲ့ဝင်က အတည်ပြုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အသက်ကြီးကြီး ရွာသားတွေက ခေါင်းတွေက တစ်ခြမ်း မပါတော့ဘူး၊ ပွင့်ထွက်သွားတာ၊ လည်ပင်းနားမှာတော့ အပေါက်တွေ့တယ်၊ မြှုပ်ထားတဲ့နှစ်လောင်းက ဘယ်သူတွေလဲ မသိရသေးဘူး” ဟု သူက ပြောသည်။

မြေမြုပ်ထားသည့် အလောင်း ၂ လောင်းနှင့် ၁၀ ပေခန့်အကွာတွင် ဆွေမျိုးများတော်စပ်ကြသည့် ဦးချစ်ရွှေနှင့် ဦးအောင်မိုးတို့၏ လှည်းကို တွေ့ရသည်ဟုလည်း သူက ပြောသည်။

“စစ်ကြောင်းလာတော့ ရွာထဲက လူတွေက ရှောင်ကြတာ။ အဘိုးကြီးအိုနှစ်ယောက်က တောကနေ ပြန်လာတာ။ သူတို့က အလောင်းနှစ်လောင်းမြှုပ်ထားတဲ့နေရာ ရောက်သွားပုံရတယ်” ဟု သူက ဆက်ပြောသည်။

စစ်တပ် ဖမ်းထားသည့် ရွာသား ၂၀ ကျော်လည်း ပြန်လွတ်မလာသေးကြောင်း ဆားလင်းကြီး PDF က ပြောသည်။

Myanmar Now အနေဖြင့် အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် ဆားလင်းကြီး မြို့မရဲစခန်းနှင့် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

ဖမ်းဆီးသတ်ဖြတ်သည့် စစ်တပ်ပြန်သွားပြီးနောက် ရွာတွင် ရုပ်အလောင်းတချို့ ကျန်ခဲ့သည်။

စစ်ကောင်စီက နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်နေသော်လည်း အရပ်သားတို့ကို စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုများနှင့် ပတ်သက်၍ မေးခွန်းထုတ်မည့် သတင်းသမားများ တက်ရောက်ခြင်း မရှိပေ။ 

သတ်ဖြတ်မှုများနှင့် ပတ်သက်၍ သတင်းဌာနတချို့က မေးခွန်းပေးပို့ မေးမြန်းလေ့ရှိပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ ဥပဒေ၊ စည်းကမ်းများအတိုင်း လုပ်ဆောင်ခဲ့ကြောင်း ရံဖန်ရံခါ တုန့်ပြန်တတ်သည်။

စစ်ကောင်စီတပ်သားများ၏ အရပ်သားများအပေါ် သတ်ဖြတ်မှုနှင့် ပတ်သက်၍ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သတ်ဖြတ်မှုမှာ ထင်ရှားသည့် သာဓကတစ်ခုဖြစ်ခဲ့သည်။ အဆိုပါ သတ်ဖြတ်မှုတွင် အရပ်သား ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး ယာဉ် ၇ စီး မီးလောင်ပျက်စီးခဲ့သည်။

ထိုသတ်ဖြတ်မှုကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် PDF များက ပစ်ခတ်ထွက်ပြေးသည့်အတွက် ယာဉ် ၇ စီးနှင့် ယာဉ်ပေါ်ပါသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် ရှင်းလင်းခဲ့ခြင်းကြောင့် သေဆုံးခဲ့ခြင်းဟု ဆိုသည်။

သို့သော် လက်တွေ့တွင်မူ စစ်ကောင်စီ စွပ်စွဲသကဲ့သို့ PDF မဟုတ်ကြောင်း ခိုင်လုံသောအကြောင်းပြချက် အများအပြား ပေါ်ပေါက်လာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများကို သတ်ဖြတ်၊ အလောင်းဖျောက်ဖျက်သည့် သာဓကအများအပြားရှိသကဲ့သို့ တိုင်းနှင့် ပြည်နယ်အချို့မှ ပြည်သူတို၏ နေအိမ်ပေါင်း ၂၀,၀၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းအပြီး ပစ်ခတ်သတ်ဖြတ်မှု နေ့စဉ် ဖြစ်ပေါ်နေရာ အရပ်သားပြည်သူပေါင်း ၂,၁၂၃ ဦး ထက်မနည်း စစ်ကောင်စီတပ်သားတို့လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၂၆ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button