
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်း (Covid-19) စတင်ဖြစ်ပွားသည့် ၂၀၂၀ အစောပိုင်းမှစပြီး တရုတ်ဘက်က နယ်စပ်လမ်းကြောင်းများပိတ်ခဲ့သဖြင့် ကျောက်စိမ်းအရောင်းအဝယ် ရပ်တန့်သည်အထိ ဈေးကွက်ပျက်နေပေမယ့် စစ်အာဏာသိမ်းပြီးနောက် တရားမဝင် ကျောက်စိမ်းတူးဖော်မှု ပိုမိုကြီးထွားလာနေကြောင်း စောင့်ကြည့်လေ့လာသူများနှင့် ကျောက်တူးသမားများက ပြောဆိုကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ တွင် ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်ရေးလိုင်စင်အသစ် ထုတ်မပေးတော့သလို လိုင်စင်သက်တမ်းလည်း တိုးမပေးတော့သဖြင့် ဖားကန့်ကျောက်စိမ်းလုပ်ငန်းအားလုံး သက်တမ်းကုန်ဆုံးနေပြီလည်း ဖြစ်ပါသည်။
ကျောက်စိမ်းဈေးကွက်ပြန်ကောင်းမည့်အချိန်ကို မခန့်မှန်းနိုင်သော်လည်း ကျောက်စိမ်းထွက်ရာဒေသတွင် အထိန်းချုပ်မဲ့တူးဖော်နေခြင်းကြောင့် ကျောက်စိမ်းကုန်ကြမ်း ရှားပါးနိုင်ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များနှင့်ကျောက်စိမ်းတူးဖေါ်ရေးလေ့လောစောင့်ကြည့်သူများက ပြောဆိုကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/HQtgB6TGwPk]