အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုလောတိုက်ပွဲ KNDO ဘက်မှ တပ်စိတ်မှူးအပါအဝင် ၃ ဦး သေဆုံး

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၁၃) က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်စဉ် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) မှ တပ်စိတ်မှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦး၊ PDF တစ်ဦး သေဆုံးသည်ဟု သိရသည်။

ပုလောမြို့တောင်ဘက် ၈ မိုင်ခန့်အကွာ ပဝတ်ကုန်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အင်အား ၂၀ ကျော်ရှိ စစ်တပ်ကို KNDO နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။​

တိုက်ပွဲအတွင်း KNDO ဘက်မှ သေဆုံးသူများမှာ အသက် ၃၇ နှစ်အရွယ် တပ်စိတ်မှူး ဗိုလ်ဖအေ၊ ၁၈ နှစ်အရွယ် တပ်သားတစ်ဦးနှင့် ပုလော PDF မှ အသက် ၂၀ အရွယ် ရဲဘော်စော်ဘွားဆိုသူတို့ဖြစ်သည်။

“သွားတိုက်တော့ သတင်းပေါက်ကြားတာလားတော့ မသိဘူး။ သူတို့က စောင့်နေတဲ့အနေအထား ဖြစ်နေတယ်။ သူတို့ဘက်ကနေ စပစ်တာကနေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တာပဲ” ဟု ပုလော PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပဝတ်ကုန်းရွာဘုန်းကြီးကျောင်းအနီး KNDO နှင့် PDF ပူးပေါင်းတပ်များ ရောက်ရှိလာချိန်တွင် စစ်တပ်က လက်ဦးမှုယူကာ စတင်ပစ်ခတ်ခဲ့ကြောင်း၊ နံနက် ၅ နာရီမှ မွန်းတည့်ချိန်အထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားသည်ဟု သိရသည်။

၎င်းတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ သေဆုံးသူများမှာ စနိုက်ပါ (လက်ဖြောင့်တပ်သား) လက်ချက်ကြောင့်ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်ကလည်း ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း ပုလော PDF ဘက်က ဆိုသည်။

“ကိုယ့်လူသုံးယောက် ကျသွားတာကတော့ စနိုက်ပါနဲ့ အပစ်ခံထိတာဗျ”

ဗိုလ်ဖအေမှာ ဆီးခုံတွင် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး KNDO တပ်သားမှာ ဦးခေါင်း ကျည်ထိမှန်ခဲ့ကာ ၎င်းကို ပစ်ကွင်းမှ ဆွဲထုတ်ရန် ကြိုးပမ်းသည့် PDF ရဲဘော်စော်ဘွားမှာ ဦးခေါင်းနှင့် ပေါင်တို့တွင် ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပဝတ်ကုန်းရွာတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ) ၂၈၅ ကလည်း အင်အား ၁၀၀ ခန့် စစ်ကူရောက်လာခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်သည် ပဝတ်ကုန်းရွာတစ်ဝိုက် ကင်းချထားသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button