ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်ရုံဝင်းရှိ ADK အထည်ချုပ်စက်ရုံ၌ ထောင်နှင့်ချီသော အလုပ်သမားများက ရက်မှန်ကြေး၊ လူမှုဖူလုံရေး၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့်များရရှိရေးအတွက် ယနေ့ (ဇူလိုင် ၇) နံနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရာနှင့်ချီသော စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။
စက်ရုံအလုပ်ရုံ ပိတ်သိမ်းမှုများနှင့်အတူ အလုပ်သမားအခွင့်အရေး အကြီးအကျယ်ချိုးဖောက်ခံနေရကြောင်း ရန်ကုန်ရှိ အထည်ချုပ်လုပ်သားများနှင့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက ထုတ်ဖော်ပြောဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/RIdU1kEaSCQ]