အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်ဒုက္ခသည်စခန်း ရေကြီး မြေပြိုမှု ရုပ်အလောင်း ၄ ခုသာ ပြန်တွေ့သေး

(ရန်ကုန်) — ထိုင်းမြန်မာနယ်စပ် မယ်လအူး ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းကြောင့် သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားသည်ဟု ယူဆရသည့် ၈ ဦးအနက် ၄ ဦး၏ ရုပ်အလောင်းကို ပြန်တွေ့ကြောင်း ကရင်ဒုက္ခသည်များကော်မတီ ဥက္ကဋ္ဌ ဦးစောရောဘတ်ထွေးက စက်တင်ဘာ ၂၁ တွင် ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့က ပေါ်ပေါက်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် စခန်းထဲရှိ နေအိမ် ၁၃ လုံး ရေနှင့် မျောပါသွားကြောင်း၊ ရှာဖွေရေးလုပ်ငန်း ဆက်လက် လုပ်ကိုင်နေကြောင်း သူက ပြောပြသည်။

“ရှာတာကတော့ ရှာနေတုန်းပဲ။ မြေကြီးထဲ နစ်မြုပ်နေတာလားတော့ မပြောတတ်သေးဘူး။ ရေစီးထဲမျောပါသွားရင် ပြန်တော့ ပေါ်မှာပဲဗျ။ ဒဏ်ရာရခဲ့တဲ့သူတချို့က အဲ့ဒီစခန်းရှိတဲ့မြို့က ဆေးရုံမှာ၊ တချို့ကတော့ စခန်းထဲက ဆေးရုံမှာ။ စိုးရိမ်ဖွယ်ရာ လူနာမျိုးတော့ မရှိတော့ပါဘူး” ဟု သူက ဆိုသည်။

ရေကြီးမှုကြောင့် ဘုရားကျောင်း ၂ ကျောင်းလည်း ပျက်စီးသွားကြောင်း၊ ယခင်နှစ်များက ယခုလောက် ရေးကြီးမှု မဖြစ်ပေါ်ခဲ့ဖူးကြောင်း သူက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လူဦးရေ ကိုးထောင်ကျော် ခိုလှုံနေသည့် အဆိုပါစခန်းတွင် အများစုမှာ ကရင်တိုင်းရင်းသားများဖြစ်ကြသည်။ တောင်ကုန်း တောင်စောင်းပေါ် တည်ဆောက်ထားသော မယ်လအူစခန်းတွင် ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်ရှိပြီး ယခုရေကြီး ခဲ့သည်က ၁ ရပ်ကွက်တွင် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းအများစုသည် ကရင်လက်နက်ကိုင်အဖွဲ့ KNU တောခိုပြီးနောက်ပိုင်း အစိုးရစစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာမှုကြောင့် ဒေသခံကရင်တိုင်းရင်းသားတို့ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး ခိုလှုံရာမှ ပေါ်ပေါက်လာသော စခန်းများဖြစ်သည်။

ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့နှင့် ကပ်လျက်တည်ရှိသည့် မယ့်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်လအူစခန်းကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ဤစခန်းသည်လည်း အခြားစခန်းများနည်းတူ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ အထောက်အပံ့ဖြင့် ရပ်တည်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အကူအညီ လျှော့ချခံနေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button