
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို ဇူလိုင် ၄ရက်ကစ၍ စစ်ကောင်စီတပ်က အင်အားရာနှင့်ချီကာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသလို တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။
ယနေ့(ဇူလိုင် ၆ရက်) နံနက်ပိုင်းကလည်း ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေလှံရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်စလုံး ထိခိုက်မှုများ ရှိသည်ဟု တိုက်ပွဲတွင် ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/CVY1M6Dlw-0]