
ငယ်စဉ်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှုအားနည်းပြီး ဆရာဝန်လက်လှမ်းမမီသည့် ဒေသတွင် ကြီးပြင်းခဲ့ရသည့် ဒေါက်တာဖီးနစ်သည် ပြည်သူများကို ဆေးကုသမှုပေးနိုင်ရန် ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သော်လည်း ဆရာဝန်ဖြစ်ပြီး တစ်နှစ်အကြာတွင် စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
အမှန်တရားကိုမြတ်နိုးသည့် ဒေါက်တာဖီးနစ်သည် အမိန့်အာဏာဖီဆန်ရေး CDM ပြုလုပ်ကာ အာဏာရှင်ကိုငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။ စစ်ကောင်စီက ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီး၊ သတ်ဖြတ်မှုများ လုပ်လာခဲ့ပြီးနောက် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့သို့ဝင်ရောက်ကာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်လျက်ရှိသည်။
အသက်နှင့်ခန္ဓာတည်မြဲနေသရွေ့ လက်တဖက်က ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှုပေးကာ ကျန်လက်တဖက်ဖြင့် အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေမည်ဟု ဒေါက်တာဖီးနစ်က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/Q1Kx6mJyIpU]