အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေးမြို့တွင် ဂိတ်စောင့်နေသည့် ပျူစောထီး ၅ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီတပ် လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့ဝင် ၅ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက ပြောသည်။

ဇွန် ၂၇ မွန်းလွဲ ၁ နာရီခန့်တွင် မြို့နှင့် နှစ်မိုင်ခန့်အကွာ အစင်ကျေးရွာတံတားထိပ်ရှိ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားတိုက်ခိုက်ရာ ပျူစောထီး ၅ ဦးလုံး ပြန်လည်ပစ်ခတ်ချိန် မရဘဲ နေရာမှာပင် သေဆုံးကြောင်း၊ သေနတ် ၃ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ရေးဘီးလူးအဖွဲ့၏ ခေါင်းဆောင် ကိုကြက်မဲဆိုသူက ပြောသည်။

“ကျွန်တော်တို့က ဂိတ်ကို ဝင်စီးတာ။ သတင်းအပိုင်ယူတယ်၊ သူတို့အလစ်အငိုက် ထိုင်နေတဲ့အချိန်မှာ ဝင်ပစ်တာပါ” ဟု ထိုသူက ပြောသည်။

“ကျွန်တော်တို့ဘက်က ထိခိုက်မှု ဘာမှမရှိဘူး။ စစ်ကောင်စီက အလောင်းတွေကိုတောင် ၂ နာရီလောက်နေမှ လာကောက်တာ”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုဂိတ်တွင် ပျူစောထီးတို့က ဒေသခံများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းနေကြောင်း တိုင်ကြားချက်များ ရရှိ၍ ယခုကဲ့သို့ တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

“ရေးဘီးလူးအဖွဲ့နဲ့ ပတ်သက်တဲ့ သိတဲ့သူတွေဆို သတင်းပေးဖို့ ရွာသားတွေကို ခြိမ်းခြောက်တယ်။ PDF တွေ အသွားအလာကို တိုင်လို့ စစ်ကောင်စီတပ်က ဝင်ပစ်တာတွေ အရင်ရှိခဲ့တယ်” ဟု ပြောသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့၏ ပစ်ခတ်မှုအတွင်း သေဆုံးသွားသည့် ပျူစောထီးအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

တံတားဂိတ်ပစ်ခတ်မှုတွင် သေဆုံးသူတို့မှာ အဖွဲ့ခေါင်းဆောင် ဦးသန်းဌေး၊ ဦးတင်ဦး၊ ဦးကိုကိုလေး၊ ဦးမင်းမင်း၊ ဦးမြင့်စိုး ဆိုသူတို့ ဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးကို ကိုးကား၍  အွန်လိုင်းမီဒီယာ C8 တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခဲ့သည့်အဖွဲ့၏ အဆိုအရ အစင်ကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထားသည်ဟု သိရသည်။ 

တိုက်ခိုက်ခံရအပြီး ရေးမြို့နယ်အဝင်အထွက်ဂိတ်များနှင့် အစင်ကျေးရွာသို့ လာရာလမ်းတစ်လျှောက်ရှိ ဂိတ်များတွင် စစ်ကောင်စီတပ်က ခရီးသွားဒေသခံများကို စစ်ဆေးနေသည်ဟု သိရသည်။ 

ရေးဒေသတွင် မွန်ဒေသတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသော Mon State Revolutionary Union (MSRU/ MSRO) အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များ အခြေစိုက်သလို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) နယ်မြေများနှင့် ဆက်စပ်နေသည်။ 

MSRO က ရေးဘီးလူးအဖွဲ့နှင့် မဟာမိတ်အဖြစ် ဆောင်ရွက်သွားမည်ဟု ယမန်နေ့က ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button