ရုပ်သံသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်လာသော စစ်ယာဉ်တန်းကို အမြန်လမ်း မိုင်တိုင် ၃၂၀အနီးတွင် ဇွန် ၂၆ရက်၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တာဝန်ခံက ပြောသည်။

နွားထိုးကြီး PDF က ထုတ်ပြန်လိုက်သည့် ရုပ်သံဖိုင်တွင် စစ်ကား ၆စီးအနက် နောက်ဆုံးတစ်စီး ဖြတ်ချိန်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အထိအခိုက် အတိအကျ မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/Z_VQgIcEPxs]

Show More

Related Articles

Back to top button