အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျန်းမာရေးအာမခံချက် မရှိသည့် တရုတ်ထုတ် စားအုန်းဆီ စစ်ကိုင်းတွင် ဖြန့်နေ

(ရန်ကုန်) – ကျန်းမာရေးအာမခံချက် မရှိသည့် တရုတ်ထုတ်စားအုန်းဆီ အများအပြား စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုကို စိုးရိမ်ကြောင်း ကသာလွှတ်တော်အမတ် ဦးညီညီထွန်းက တိုင်းလွှတ်တော်တွင် ယနေ့ ပြောကြားလိုက်သည်။

မူဆယ်-မန္တလေးလမ်းကြောင်းမှ တစ်ဆင့် စစ်ကိုင်းတိုင်းထဲသို့ လွန်ခဲ့သည့် ၈ နှစ်ခန့် ကတည်းက တင်သွင်းနေသည့်၊ ကျန်းမာရေးထောက်ခံချက် မရှိသည့် တရားမဝင် စားအုန်းဆီကြောင့် ဒေသခံများ၏ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါစားအုန်းဆီကို ရောင်းချနေသူများပင် ၎င်းတို့ရောင်းချသည့်ဆီများကို မစားသုံးသည်အထိ ဆီများ၏ အရည်သွေးမှာ စိုးရိမ်စရာဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ဈေးကွက်ထဲကို ဖြန့်တဲ့သူတွေဟာ သူတဲ့ထုတ်တဲ့ဆီကိုတော့ မစားဘူး။ ဈေးကွက်ထဲက ကြိတ်ပြီးရောင်းတဲ့ ပဲဆီစစ်စစ်ကိုပဲ ပြန်ဝယ်စားကြတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်က ဆိုသည်။

အတားအဆီးမရှိ ဝင်ရောက်နေသည့် အဆိုပါ စားအုန်းဆီများအား ပိတ်ပင်ရန် သူက တောင်းဆိုခဲ့ပြီး အဆိုပါဆီများကြောင့် ဒေသတွင်းရှိ ဆီစက်လုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည်ဟု ဆိုသည်။

ဈေးကွက်အတွင်းတွင် ပဲဆီ ၁ ပိဿာလျှင် ၅,ဝဝဝ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ခွင့်ပြုသည့် စားအုန်းဆီ ၁ ပိဿာ ၃,၅ဝဝ ခန့် ရှိချိန်တွင် တရုတ်ထုတ်ဆီများမှာ ၁ ပိဿာ ၂,၄ဝဝ ခန့်သာ ရှိသောကြောင့် ဝင်ငွေနည်းမိသားစုများ အဓိက စားသုံးနေကြကြောင်း ဦးညီညီထွန်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button