အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်သူထိခိုက်မည့် ဒဏ်ခတ်ပိတ်ဆို့မှုများ မလုပ်ရန် ဥရောပသမဂ္ဂကို မြန်မာတောင်းဆို

ပြည်သူများကို တိုက်ရိုက်ထိခိုက်နိုင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ မလုပ်ရန် ဥရောပသမဂ္ဂ(EU) ထံ အကြောင်းကြားထားကြောင်း မြန်မာအစိုးရပြောခွင့်ရအရာရှိ ဦးဇော်ဌေးက ယမန်နေ့က ပြောကြားလိုက်သည်။

လူသန်းဝက်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းအကျပ်အတည်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ရန် စဉ်းစားနေကြောင်း EU က ထုတ်ဖော်ပြောကြားပြီးနောက် မြန်မာဘက်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“အရေးယူမှုနဲ့ ပတ်သက်ပြီး ဆက်စပ်ဖြစ်လာနိုင်တာတွေက စီးပွားရေးကဏ္ဍမှာ ထိရောက်မှုတွေ ရှိနိုင်တယ်” ဟု နိုင်ငံတော်သမ္မတရုံးက နေပြည်တော်တွင် နှစ်ပတ်တစ်ကြိမ် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရအရာရှိ ဦးဇော်ဌေးက ပြောသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက ဖြစ်ပွားခဲ့သည့် ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ပြုလုပ်ခဲ့ကြောင်း အနောက်နိုင်ငံများက စွပ်စွဲထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဥရောပသမဂ္ဂ(EU)အပါအဝင် ကုလသမဂ္ဂ(UN) နှင့် အနောက်နိုင်ငံများက ထွက်ပြေးသွားသည့်သူများ အမြန်ဆုံးပြန်လာနိုင်ရေးနှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူများကို အမြန်ဆုံး စစ်ဆေးအရေးယူပေးရန် တောင်းဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles