
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းက သာဂရကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့သဖြင့် နေအိမ် ၇၀ မီးလောင် ပြာကျသွားပြီး ထွက်မပြေးနိုင်သည့် အသက် ၇၈ အရွယ်အဘွားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် PDF အားကောင်းသည့် ဒေသများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး အရပ်ဘက် အချက်အလက်ကောက်ယူရေး Data for Myanmar အဖွဲ့၏ မေ ၁ ရက်နေ့အထိ စာရင်းများအရ တစ်နိုင်ငံလုံးတွင် နေအိမ် ၁၁၀၀၀ ကျော် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၇၀၀၀ ကျော် မီးရှို့ခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/FRK7K0K4Yr0]