
စစ်အာဏာသိမ်းပြီးသည့်နောက် နိုင်ငံအတွင်း မတည်ငြိမ်မှုများနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အတင်းအကျပ် စစ်ဆေးမှုများ ဖမ်းဆီးမှုများကို ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ တရားဥပဒေစိုးမိုးမှုမရှိသည့်အချိန် အုပ်ချုပ်ရေးစနစ် ဖရိုဖရဲဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ ဒုစရိုက်မှုများလည်း မကြာခဏဖြစ်ပွားနေပြီး ဖုန်းလုခံရမှုများ ပြန်ပေးဆွဲပြီးငွေတောင်းခံမှုများလည်း ရှိနေပါသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်သည် ၎င်းတို့ကို ဆန့်ကျင်တော်လှန်နေသူများကိုသာ ပစ်မှတ်ထားအရေးယူမှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေလုပ်ဆောင်နေပြီး ပြည်သူများ၏ လုံခြုံရေးကို အရေးမစိုက်သဖြင့် ဒုစရိုက်မှုကျူးလွန်သူများ ပိုမိုအတင့်ရဲလာခြင်းဖြစ်ပါသည်။ ထို့ကြောင့် နေ့စဉ်သွားလာလှုပ်ရှားနေသည့် ရန်ကုန်လူထုအတွက် မလုံခြုံမှုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒုစရိုက်သမားများ၏ရန်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/tI4Gnh1qorA]