အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပြည်သူ့ဘက်မရပ်တည်တဲ့ ခင်ပွန်းသည် ဗိုလ်ကြီးကို လမ်းခွဲခဲ့သူ

အာဏာသိမ်းပြီးနောက် စစ်တပ်ကို စွန့်ခွာရန် ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးကို စည်းရုံးခဲ့သော်လည်း လက်မခံသဖြင့် ဓမ္မနှင့် အဓမ္မ တိုက်ပွဲတွင် ဓမ္မဘက်မှ ရပ်တည်ရန် ဆုံးဖြတ်ပြီး ခင်ပွန်းဖြစ်သူကို လမ်းခွဲခဲ့ကြောင်း မမေပုလဲက ဆိုပါသည်။

စစ်မှုထမ်းသက် ၁၀ နှစ်ကျော်ရှိသည့် သူမ၏ ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးအပါအဝင် ပြည်သူကို အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေသည့် စစ်တပ်တွင် တာဝန်ထမ်းနေသူများကို ရာဇဝတ်ကောင်များဟု မမေပုလဲက ရှုမြင်နေပြီး ၅ နှစ်ပေါင်းသင်းနေထိုင်ခဲ့ဖူးတဲ့ ခင်ပွန်းသည် သေဆုံးခဲ့ရင်တောင်မှ သံယောဇဉ်ကြောင့် ဝမ်းနည်းရုံကလွဲပြီး အထူးခံစားရမှာမဟုတ်ကြောင်း မမေပုလဲက ဆိုပါသည်။

ပြည်သူလူထုအား အကြမ်းဖက်နှိပ်စက်နေသည့် စစ်တပ်ကို မမေပုလဲလို စွန့်ခွါချင်ပေမယ့် ဆုံးဖြတ်ချက်မပြတ်သားနိုင်သေးသဖြင့် ကြိတ်မိတ်နေထိုင်နေကြသည့် အခြားဆင့်ဇနီးသည်တွေ အရာရှိကတော်တွေ များစွာရှိနေသေးကြောင်း သိရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/OpU-OTp9Oh8]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button