အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးစိန်ပန်းရပ်တွင် စစ်တပ်သတင်းပေးဆိုသူနှင့် အခြားတစ်ဦး ပစ်သတ်ခံရ 

မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်တွင် ယမန်နေ့ (မေ၂၈) က စစ်ကောင်စီသတင်းပေး (ဒလန်) ဟု ကျော်စောသူ အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦး ပစ်သတ်ခံရသည်။

သေနတ်ဖြင့် လုပ်ကြံခံရသူများမှ စိန်ပန်းရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ရာအိမ်မှူး ဦးရန်နိုင်ကျော် (ခ) ထော့ကျိုးနှင့် ကိုအောင်ကျော်မိုးဆိုသူတို့ဖြစ်ကြောင်း၊ ၇ ချက်ခန့် ပစ်ခတ်ခံရကာ ပွဲချင်းပြီးသေဆုံးသည်ဟု မြို့ခံအချို့ထံမှ သိရသည်။​

စစ်တပ်သတင်းပေးဟု နာမည်ထွက်သည့် ရာအိမ်မှူးနှင့် အဖော်ဖြစ်သူတို့မှာ ၉၁ လမ်းရှိ ဆိုင်တစ်ဆိုင်တွင် အရက်ဝယ်ယူနေစဉ် လူတစ်စုရောက်ရှိလာကာ ပစ်သတ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။​

“၇ ချက်လောက် ပစ်သွားတယ်။ ခေါင်းတွေ လည်ပင်းဖောက်ထွက်ဒဏ်ရာတွေနဲ့ နှစ်ယောက်လုံး ပွဲချင်းပြီးဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။​

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စိန်ပန်းရပ်ကွက်တွင် နေထိုင်သူ ထိုအမျိုးသား၏အဆိုအရ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးရန်နိုင်ကျော်သည် လစဉ် ဘီယာဆိုင်များကို ဆက်ကြေးကောက်ခြင်း၊ ရပ်ကွက်ထဲတွင် စစ်တပ်က ဖမ်းဆီးခြင်းများ ပြုလုပ်ရာ၌ လမ်းပြပေးခြင်း၊ လူခြေတိတ်ချိန်များတွင် ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။ 

“သူက နဂိုကတည်းက ဟိုဘက်အားပေးသူပေါ့။ ကြံ့ခိုင်ရေးပါတီထောက်ခံသူ။ ရပ်ကွက်ထဲမှာ ဟိုငန်ငန် ဒီငန်ငန်ပေါ့။ ဘယ်လောက်တောင်ငန်လည်းဆို မော်တော်ပီကယ်ဖမ်းတာတောင် သူက ကူဖမ်းပေးလို့ ဆိုင်ကယ်တိုက်ပြီး ဒီထော့ကျိုးဆိုတဲ့ နာမည်တွင်သွားတာပဲ” ဟု စိန်ပန်းရပ်နေ အမျိုးသားက ပြောသည်။

“သူ့ကို ၂၀၂၁ဒီဇင်ဘာလောက်ကလည်း ဒီအလုပ်တွေဆက်မလုပ်ဖို့ အဖွဲ့တွေက စာနဲ့ ကျည်ဆန်နဲ့ ပေးပို့ပြီး တားဖူးတယ်။ နည်းမျိုးစုံနဲ့ ဟန့်တားတဲ့ကြားက ဒီအလုပ်တွေကို ကြိုက်နေတော့ မနေ့က သေသွားတာပေါ့။”

ရာအိမ်မှူးနှင့်အတူ လုပ်ကြံခံရသည့် ကိုအောင်ကျော်မိုးသည် စစ်ကောင်စီနှင့် ပတ်သက်မှုမရှိဘဲ မှားယွင်းအသတ်ခံရခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။​

“ကျွန်မအမျိုးက ဒလန်မဟုတ်ပါဘူး။ သူ့ဘာသာသူ ဝယ်နေတာကို ဟိုဒလန်ရောက်လာလို့ရော အပစ်ခံရတာ။ အခု ဆုံးသွားပါပြီ” 

ထိုသို့ လုပ်ကြံခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် ရဲများရောက်ရှိလာပြီး မိုးပေါ်ထောင်၍​ သေနတ်ပစ်ဖောက်ကြောင်း၊ ရပ်ကွက်အတွင်း စစ်ဆေးကြောင်းနှင့် အလောင်းနှစ်လောင်းကို လူမှုကူညီရေးအသင်း ကားနှစ်စီးဖြင့် တင်ဆောင်သွားကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။​

အဆိုပါ ဒလန်ရှင်းလင်းမှုဖြစ်စဉ်သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊ ကိုအောင်ကျော်မိုးသည် ရာအိမ်မှူးဖြစ်သူကို ဝင်ရောက်ကာကွယ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးပြောက်ကျားတပ်ဖွဲ့ (GZP) က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခွင့် မရပေ။ 

မန္တလေးရှိ စိန်ပန်းရပ်ကွက်ကို စစ်ကောင်စီက ပစ်မှတ်ထား ဖိနှိပ်ခြင်းများရှိသည့်နည်းတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့လည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရခြင်းများ ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button