အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မကွေးလေယာဉ်ပျက်ကျမှု လေယာဉ်မှူး အနည်းဆုံး ၂ ဦးနှင့် ကျောင်းသူ ၁ ဦး သေဆုံး

ယနေ့နံနက်ပိုင်းက မကွေးမြို့နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း မင်းဘူးမြို့တွင် တိုက်လေယာဉ် ၂ စင်း သီးခြားစီပျက်ကျခဲ့ပြီးနောက် အနည်းဆုံးလေယာဉ်မှူး ၂ ဦးနှင့်ကျောင်းသူ ၁ဦး သေဆုံးသွားခဲ့သည်။

ယနေ့နံနက် ၈နာရီခန့်က ပျက်ကျခဲ့သည့် တိုက်လေယာဉ်အပိုင်းအစနှင့် ထိမှန်ခဲ့သည့် အသက် ၁၁နှစ်အရွယ် မိန်းကလေးငယ်သည် ပြီးခဲ့သည့် မိနစ်ပိုင်းအတွင်းက အသက်ဆုံးပါးသွား ကြောင်း မင်းဘူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အတည်ပြုခဲ့သည်။

လေယာဉ်ပျံသည် ငါးတန်းကျောင်းသူ နေထိုင်ရာ မင်းဘူးမြို့ ဆားဗွက်ချောင်းအတွင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်အပိုင်းအစ ထိမှန်ခဲ့သည့် ကလေးငယ်သည် မင်းဘူးဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် အဆိုပါလေယာဉ်ကို မောင်းနှင်ခဲ့သည့် လေယာဉ်မှူးလည်း သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

နောက်ထပ်လေယာဉ်ပျက်ကျမှုသည် မင်းဘူး မြောက်ဘက် သနပ်ပင်စုရွာအနီး ပျက်ကျခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်မောင်းနှင်သည့် လေသူရဲလည်း သေဆုံးသွားခဲ့ရသည်။

လေယာဉ်မှူးသည် ပြင်းထန်သောဒဏ်ရာများဖြင့် လယ်ကွင်းပြင်တွင် လေထီးအုပ်လျက် သေဆုံးနေသည့် ရုပ်ပုံများကို မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းဝင်း၏လူမှုကွန်ရက် Facebook စာမျက်နှာတွင် တွေ့ရှိခဲ့ရသည်။

မင်းဘူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏အဆိုအရ အခင်းဖြစ်ပွားရာနေရာသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအရာရှိများ သွားရောက်နေကြ သည်ဟုဆိုသည်။

လေယာဉ်နှစ်စင်းအနက် မည်သည့်လေယာဉ်သည် အရင်ပျက်ကျကြောင်းနှင့် အဆိုပါမတော်တဆမှု နှစ်ခုသည် ဆက်နွှယ်မှု ရှိမရှိကို မသိရှိရသေးပါ။

အဆိုပါမတော်တဆမှုကို တပ်မတော်သတင်းမှန်ပြန်ကြားရေးက အတည်ပြုခဲ့ပြီး အသေးစိတ်အခြေအနေကို သတင်းထုတ်ပြန်ပေးသွားမည်ဟု Myanmar Now ကို ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button