ရုပ်သံသတင်း

မြောင်မြို့နယ်အတွင်းရှိ မီးရှို့ခံရသည်ရွာများမှ ပြည်သူများအခက်ကြုံနေ

မေလ ၁၇ ရက်ကစတင်ပြီး အာဏာသိမ်းစစ်ကောင်တပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ မြောင်မြိုနယ်ထဲက ပန်းညို၊ ညောင်ကားယား၊ ရွာပုလဲ၊ ပေါက်ချောင်း၊ မယ်မသော်၊ နေပူကုန်း၊ နဂါးပေါက်၊ မင်းတန်း၊ အညွန့်နှင့် ပေါက်တော စသည့် ကျေးရွာပေါင်း(၁၀) ရွာက သာသနိကအဆောက်အအုံတွေအပါအဝင် အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ခဲ့သဖြင့် မီးဘေးသင့်ပြည်သူများသည် မိုးရာသီကာလကို ကျော်ဖြတ်ရန် အခက်အခဲများစွာကြုံတွေ့ နေကြရပါသည်။

အပြစ်မဲ့ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးသည့်လုပ်ရပ်များကို တားဆီးနိုင်ရန်အတွက် မြေပြင်တွင်တိုက်ပွဲဝင်နေကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လက်နက်ပြည့်စုံရန်လိုအပ်နေပြီး NUG အစိုးရအနေဖြင့် PDF များကို လက်နက်အမြန်တပ်ဆင်ပေးရန်လိုအပ်သည်ဟု pdf အဖွဲ့များနှင့် အာဏာရှင်စနစ်ကို လက်မခံနိုင်သည့် ဒေသခံပြည်သူများက တောင်းဆိုနေကြပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/8xhPSxOZiqQ]

Related Articles

Back to top button