ရုပ်သံသတင်း

မြောင်မြို့နယ်အတွင်း စစ်ကြောင်းဝင်စဉ် စေတီ၊ ဓမ္မာရုံများပါ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် တောင်ပိုင်းကကျေးရွာများအား ဝင်ရောက်စီးနင်းနေသည့် စစ်ကောင်စီစစ်ကြောင်းသည် မေ ၂၁ ရက် ညနေပိုင်းက မင်းတန်းရွာကို မီးရှို့ရာ စေတီ၊ ဓမ္မာရုံ၊ ဇရပ်နှင့် ဆောင်းတန်းများ အပါအဝင် အိမ်ခြေ ၁၀၀ ဝန်းကျင် ပျက်ဆီးသွားကြောင်း ဒေသခံ သုံးဦးက ပြောပါသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကိုင်တိုင်းအပါအဝင် နိုင်ငံအနှံ့တွင် ရရာလက်နက်ဖြင့် စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြသည့်ရွာများကို စစ်ကောင်စီစစ်ကြောင်းများက မီးရှိုးဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိပြီး အချက်အလက်စုဆောင်းသည့် အရပ်ဘက်အဖွဲ့ Data for Myanmar ၏ မေ ၁ ရက် စာရင်းအရ မီးရှို့ခံရတဲ့ နေအိမ် ၁၀,၀၀၀ ကျော်ရှိနေပြီး ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/Z7J7XBAOYpw]

Show More

Related Articles

Back to top button