အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတ္တရာရှိ ဒေသခံကာကွယ်ရေးအဖွဲ့စခန်း စီးနင်းခံရပြီး တိုက်ပွဲဖြစ်

ယမန်နေ့ (မေ ၄) တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း သဖန်းကိုင်းကျေးရွာအနီးရှိ ဒေသခံကာကွယ်ရေးစခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အားအသာဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ တိုက်ပွဲဖြစ်ပြီး စစ်သားတချို့ သေဆုံးခဲ့သလို တိုက်ပွဲဒေသအတွင်း ရှိနေသူများထဲမှ ၅ ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။

အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်က သဖန်းကိုင်းကျေးရွာနှင့် ဖာလုံအနည်းငယ်သာဝေးသည့် နေရာတွင်ရှိသော တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သည့် နဂါးညီနောင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့ Myanmar Now ကို ပြောသည်။

“မနေ့က တိုက်ပွဲကတော့ ၁၅ မိနစ်လောက် ကြာတယ်။ လက်နက်ကြီး လက်နက်ငယ်အစုံနဲ့ ပူးပေါင်းအဖွဲ့တွေ ဝိုင်းကြပေမဲ့ လက်နက်၊ လူအင်အားက မမျှတော့ ပြန်ဆုတ်လိုက်ရတယ်၊ ဒီနေ့လည်း ကျွန်တော်တို့ ရတဲ့နည်းနဲ့ ပြန်ချနေသေးတယ်၊ မိုင်းတစ်ခါဆွဲထားတယ်” ဟု ၎င်းက ဆိုသည်။

နဂါးညီနောင်၊ Mongoose Squadron, ဇာမဏီ၊ နှင့် မတ္တရာ PDF တို့က ပါဝင်တိုက်ခိုက်ခဲ့ကြသည့် ယမန်နေ့တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၁၂ ဦးခန့် သေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြသည်ဟု PDF ဘက်မှ ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၅ ဦး ဖမ်းဆီးခံရမှု နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။ 

ယနေ့ နံနက်တွင်မူ အနီးရှိ သဖန်းကိုင်းရွာအတွင်း ဝင်လာသည့် စစ်ကောင်စီတပ်က ဒေသခံတချို့ကို ဖမ်းဆီးရိုက်နှက်စစ်ဆေးနေသောကြောင့် ရွာခံအများစုမှာ ထွက်ပြေးနေရကြောင်း PDF ထံမှ သိရသည်။

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ မွန်းလွဲနှစ်နာရီခန့်တွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အရှေ့ပိုင်းကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လေ့ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းများ လုပ်ဆောင်နေမြဲဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မန္တလေးမြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ မန္တလေး-မတ္တရာ ကားလမ်းဘေး ရဲကင်းစခန်းတစ်ခုကို မတ္တရာ PDF က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles