အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့တွင် ၂ ရက်အတွင်း ၅ ရွာ မီးရှို့ခံရ 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှစ်ရက်အတွင်း ရွာငါးရွာ မီးရှို့ဖျက်ဆီးကြသည်ဟု ဒေသခံများက ပြောသည်။ 

ယမန်နေ့ (မေ ၂) ညနေပိုင်းက ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် မနီးမဝေးတည်ရှိကြသော ဟင်္သာမ၊ ကြက်တူရွေးနှင့် ကျွန်းကြီးရွာ၊ ယနေ့(မတ် ၃) နံနက်တွင် သဲအင်းနှင့် ဖရဲကျွန်းရွာတို့ကို မီးရှို့ဖျက်ဆီးသည်ဟု ဒေသခံ ၄ ဦးက ဆိုသည်။ 

ကြက်တူရွေးနှင့် ဟင်္သာမကျေးရွာတွင် နေအိမ် ၈ လုံး၊ သဲအင်းရွာတွင် နေအိမ် ၁ လုံး၊ ဖရဲကျွန်းရွာတွင် ၁ လုံးမီးလောင်ပျက်စီးသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တောင်ယာလုပ်ကိုင်သော အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားက ပြောသည်။  

ထို့နေ့က မိုးသည်းထန်သဖြင့် နေအိမ်အများအပြား မလောင်ကျွမ်းခြင်းဖြစ်သည် ၎င်းက ဆက်လက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဟင်္သာမရွာနှင့် ကြက်တူရွေးရွာတို့တွင် နေရာငါးနေရာခန့် မီးလောင်နေပုံကို အဝေးမှရိုက်ကူးထားသည့်ဓာတ်ပုံတွင် တွေ့မြင်ရသည်။​

စဉ့်ကူးမြို့နယ်တွင် စစ်တပ်ကျောထောက်ခံပေးထားသော ပျူစောထီးအဖွဲ့ဝင်များ ဧပြီလကုန်ပိုင်းက ဆက်တိုက်သတ်ဖြတ်ခံရသဖြင့် လက်စားချေသည့်အနေနှင့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ခြင်းဖြစ်သည်ဟု စစ်တပ်၏ရန်မှ ထွက်ပြေးတိမ်းရှောင်နေရသူ ကြက်တူရွေးရွာမှ အသက် ၇၀ ကျော်အရွယ် အမျိုးသားက ဆိုသည်။ 

“ဘာပြောရမလဲဗျာ ဒီအသက်ဒီအရွယ်ထိ တစ်ခါမျိုးမှ အတွေ့အကြုံမရှိတာ။ ကျုပ်တို့ လူကြီးတွေအတွက် ဘယ်လွယ်မလဲ။ အားလုံးအတွက် အကုန်လုံးစိုးရိမ်ရတာပေါ့” ဟု ၎င်းက ပြောသည်။ 

စဉ့်ကူးမြို့နယ်အတွင်း ရှောက်ပင်ရိုးကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးကျော်သိန်းကို ဧပြီ ၂၉ တွင်လည်းကောင်း၊ ကံတောင်ကျေးရွာရှိ ကျွဲကြီး ခေါ် မျိုးနိုင်ကို ဧပြီ ၂၈ တွင်လည်းကောင်း သတ်ဖြတ်ခဲ့သည်ဟု ဥဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။ 

ထိုပျူစောထီးတို့သည် စစ်ကောင်စီနှင့် ပူးပေါင်း၍ ဒေသခံများထံမှ ဆက်ကြေးတောင်းသလို လောင်းကစားဝိုင်းများဖွင့်ခဲ့သည်ဟု ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသုတက ပြောသည်။ 

စစ်တပ်က မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး နေပြည်တော် စစ်ကောင်စီပြန်ကြားရေးတာ၀န်ရှိသူတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

စစ်ကောင်စီတပ်နှင့် လက်ကိုင်တုတ်များက နေအိမ်မီးရှို့ခြင်းမှာ ထိုဒေသတွင် နေထိုင်သူတို့က PDF နှင့် နီးစပ်သည်ဟု ယူဆခြင်း၊ ခြောက်လှန့်လိုခြင်းတို့ကြောင့် ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကယား စသည့် ဒေသများတွင် မီးသင့်ကျေးရွာရပ်ကွက်အများအပြားကို စစ်ကောင်စီက မီးရှို့နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းပြီးနောက် လိုက်လံမီးရှို့ခဲ့သည့် အိမ်ခြေအရေအတွက် ၁၁၄၁၇ အထိ ရှိလာသည်ဟု ထိုဖြစ်ရပ်များကို စောင့်ကြည့် စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က မေ ၁ တွင် သတင်းထုတ်ပြန်ထားသည်။ 

သတင်းဌာနများ၊ ဒေသခံလူ့အခွင့်အရေးအဖွဲ့များ၊ စစ်ဘေးရှောင်တို့ကို ကူညီပေးနေသော အဖွဲ့များထံမှ ရရှိသော အချက်အလက်များကို စိစစ်ပြုစုထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အချက်အလက်မပြည့်စုံသော ဖြစ်စဉ်များကို ချန်လှပ်ထားခဲ့ရသဖြင့် အမှန်တကယ်ဖျက်ဆီးမီးရှို့ခံရသည့် အိမ်အရေအတွက်က ထိုထက်မက ပိုများနိုင်သည်ဟု ဆိုသည်။ 

မီးရှို့တပ်ဟု အခေါ်ခံနေရသည့် စစ်တပ်ကမူ မီးရှို့မှုကျူးလွန်ခြင်း မရှိကြောင်း၊ PDF တို့ကသာ မီးရှို့ခြင်း ဖြစ်ကြောင်း ရံဖန်ရံခါ တုံ့ပြန်တတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button