ရုပ်သံသတင်း

“ထွက်စာတင်သူတိုင်းကို ပေးထွက်မယ်ဆိုရင် အာဏာရှင်လူတစ်စုနဲ့ အလံတိုင်ပဲ ကျန်ခဲ့လိမ့်မယ်”

PDF များဝင်ရောက်တိုက်ခိုက်လျှင် ခုခံကာကွယ်ရန် ရဲမေများကို ပြင်ဆင်ခိုင်းမှုများ၊ လုံခြုံရေးထွက်၊ ကင်းစောင့်ရသည့်အပြင် Mytel တာဝါတိုင်ကိုပါ ကင်းစောင့်နေကြရသည့် အခြေအနေများနှင့် ခွင့်ရရင်တောင် ကိုယ့်ဇာတိရပ်ရွာသို့ မပြန်ရဲဘဲ တပ်ထဲတွင် ငုတ်တုတ်ထိုင်နေကြရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အကြောင်းကို တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း မှော်ဘီတွင် သင်ကြားရေးဆိုင်ရာတာဝန်ခံအဖြစ် နောက်ဆုံးတာဝန်ထမ်းခဲ့သည့် ဗိုလ်ကြီးခင်ပပထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

စစ်မှုထမ်းသက် နှစ်ပေါင်း ၂၀ကျော်ရှိပြီဖြစ်သည့် အသက် ၄၅နှစ်အရွယ် ဗိုလ်ကြီးခင်ပပထွန်းသည် ပြီးခဲ့သည့် ဧပြီလအတွင်းက မိသားစုနှင့်အတူ စစ်ကောင်စီတပ်ကို စွန့်ခွာလာခဲ့ခြင်း ဖြစ်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/bT7S-vzgyYc]

Show More

Related Articles

Back to top button