အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်ပြည်နယ် နယ်လုံဝန်ကြီးကို အငြိမ်းစားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအမိန့်စာဖြင့် ၎င်း၏ ရာထူးတာဝန်မှ ရပ်စဲလိုက်သည်။

၎င်းအား အခြားတာဝန်များ ပေးအပ်ရန်ဖြစ်သည့်အတွက် လက်ရှိတာဝန်မှ ရပ်စဲလိုက်သည်ဟု ရေးသားထားသော နိုဝင်ဘာ ၅ ရက်စွဲပါ စာအား ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြည်နယ် အစိုးရအဖွဲ့ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှဴးကြီးသူရမျိုးတင်က Myanmar Now ကို နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားသည်။

ညွှန်ကြားချက်အရ ရာထူးအပြောင်းအလဲရှိသည် ဆိုသော်လည်း တပ်မတော်မှ အပြီးအပိုင် အငြိမ်းစားယူရမည် သို့မဟုတ် အရပ်ဘက်သို့ ပြောင်းရွှေ့ရမည် ဆိုသည်မှာ မသေချာသေးကြောင်း အသက် ၅၄ နှစ် ရှိပြီဖြစ်သည့် ၎င်းက ဆိုသည်။

“တပ်မတော်သားကတော့ ပေးအပ်တဲ့တာဝန်အတိုင်း လုပ်ရတာပဲလေ။ သူ လုပ်ဆိုရင်လည်း လုပ်ရမှာပဲ။ မလုပ်နဲ့တော့ နားဆိုရင်လည်း နားရမှာပဲ ” ဟု ဗိုလ်မှဴးကြီးသူရမျိုးတင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗိုလ်မှူးကြီးသူရမျိုးတင်သည် ၂ဝ၁၅ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်၏ အမည်စာရင်း တင်သွင်းခြင်းခံရပြီး ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

လစ်လပ်သွားသည့် ၎င်း၏နေရာတွင် တပ်မတော်က မည်သူဖြင့် အစားထိုးမည်ကိုမူ မသိရှိရသေးပေ။

တပ်မတော်အစိုးရလက်ထက်က ရေးဆွဲ အတည်ပြုခဲ့သည့် ၂ဝဝ၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အစိုးရအဖွဲ.၏ အရေးကြီး ဝန်ကြီးဌာနများဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများကို ထိန်းချုပ်ခွင့်ရထားပြီး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် အသီးသီးတွင် မည်သည့်ရွေးကောက်ပွဲမျှ ဝင်စရာမလိုဘဲ အမတ်နေရာ ၂၅ ရာခိုင်နှုန်းအား ရယူနိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button