
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်ထားသော ပြစ်ဒဏ်များနှင့်ပတ်သက်ပြီး တင်ထားသည့် အယူခံများကို စစ်ကောင်စီလက်အောက်ခံတရားရုံးများက စစ်ဆေးခြင်းမရှိဘဲ အဆင့်ဆင့်ပယ်ချခံနေရကြောင်း တရားရုံးနှင့်နီးစပ်သူနှစ်ဦးထံက သိရပါသည်။
အာဏာသိမ်းပြီးကတည်းက နေပြည်တော်ရှိ လျှို့ဝှက်တစ်နေရာတွင် ဖမ်းဆီးထိိန်းသိမ်းခံထားရသည့် အသက် ၇၆ နှစ်အရွယ် ဒေါ် အောင်ဆန်းစုကြည်ကို ယနေ့ ဧပြီ ၂၇ ရက်နေ့အထိ အမှု ၁၇ ခုဖြင့် စစ်ကောင်စီက တရားစွဲထားပြီး ၆ မှု အတွက် ထောင် ၁၁ နှစ်အမိန့်ချမှတ်ထားပြီးဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/sWsKGx0aQWQ]