အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကင်းရွာတွင် စစ်တပ်မီးရှို့ခဲ့သည့် နေအိမ်အတွင်းမှ အလောင်းနှစ်လောင်းတွေ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာတွင် လွန်ခဲ့သည့် သုံးရက်က စစ်တပ် မီးရှို့သွားသည့် နေအိမ်များအနက် တစ်လုံးအတွင်း အမျိုးသားနှစ်ဦး၏ ရုပ်အလောင်း ယနေ့ (ဧပြီ ၁၁) ရှာတွေ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

ဧပြီ ၇ ရက်တွင် စစ်သားများ ၎င်းတို့ရွာသို့ ရောက်လာစဉ် ဖမ်းဆီးစစ်ဆေးခံရသည့် လူ ၂၀ ခန့်အတွင်း ယနေ့ (ဧပြီ ၁၁) ရုပ်အလောင်းပြန်ရှာတွေ့သည့် အသက် ၅၀ အရွယ် ဦးကျော်စိုး၊ အသက် ၂၉ နှစ်အရွယ် ကိုရာဇာမင်းတို့ ပါဝင်သည်ဟု ရွာသားတစ်ဦးက အတည်ပြုသည်။

ထိုစစ်ကြောင်းက ဧပြီ ၈ ရက် ညပိုင်းတွင်း ကင်းရွာမှ နေအိမ်ငါးလုံးကို မီးရှို့ကာ ပြန်ထွက်သွားပြီးနောက် အထက်ပါနှစ်ဦး ပျောက်ဆုံးနေသဖြင့် ဖမ်းဆီးခံလိုက်ရပြီဟု ဒေသခံတို့က ကနဦးတွင် ယူဆထားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် မီးရှို့ခံရသည့် နေအိမ်တစ်လုံးအတွင်းမှ အပုပ်နံ့များထွက်နေ၍ ယနေ့ (ဧပြီ ၁၁) ရှာဖွေကြည့်ရာမှ မီးကျွမ်းနေသည့် ထိုသူနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ခဲ့ရခြင်းဖြစ်သည်ဟု အထက်ပါ ရွာခံထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မီးရှို့ခံရတဲ့ အိမ်တွေရဲ့ပိုင်ရှင်တွေက ရွာပြန်မလာနိုင်ကြဘူး။ မီးလောင်ပြင်က ဒီအတိုင်းထားထားတာ။ ဒီနေ့မနက်ကျတော့ အနံတွေအရမ်းထွက်လာတော့ အနီးကလူတွေ ဝိုင်းရှာကြမှတွေ့တာ” ဟု ၎င်းက ပြောသည်။

“စစ်တပ်ရွာက ပြန်ထွက်သွားတော့ ဓားစာခံအနေနဲ့ တွေ့ရာလူဖမ်းထားတဲ့ အယောက် ၂၀ လောက်က လွတ်လာပေမဲ့ ဒီနှစ်ယောက်ပါမလာတော့ ခေါ်သွားခံရတယ်ပဲ ထင်ထားကြတာ” 

ကင်းရွာတွင် ဧပြီလဆန်းပိုင်း စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ ဒေသခေါင်းဆောင်တစ်ဦးဟု သတင်းကြီးသည့် ဘုန်းကြီးတစ်ပါး အသတ်ခံရမှုကို စစ်တပ်က လာရောက်စစ်ဆေးရာမှ နေအိမ်မီးရှို့၊ လူနှစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုဘုန်းကြီးသတ်ခံရသည့်နေ့ (ဧပြီ ၃)တွင် ကျေးရွာဘုန်းကြီးသင်ပညာရေးကျောင်း တာဝန်ခံဆရာတော် ဦးပညာဝံသကို စစ်တပ်က ဖမ်းသွားပြီးနောက် ၂၄ နာရီအတွင်း ပျံလွန်တော်မူခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များအပြီး တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ကင်းရွာကို နောက်တစ်ကြိမ် ထပ်မံစီးနင်း ခြင်းဖြစ်သည်။

စစ်တပ် ရွာ၌ ရှိစဉ် ဖမ်းဆီးခံရသည်ဆိုသော ဒေသခံ ၂၀ ထက်မနည်း၏ အခြေအနေနှင့် သေဆုံးသူနှစ်ဦး၏ ဖြစ်စဉ်များကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် မတ္တရာမြို့နယ်အတွင်း သေဆုံးသူ ၂၀ ထက်မနည်းရှိကြောင်း၊ ကင်းရွာမှ ရဟန်းတစ်ပါးနှင့် လူ ၄ ဦးအထိ ပါဝင်ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဧပြီ ၈ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သား ၁၇၃၅ ဦးထက်မနည်း သေဆုံးပြီးဖြစ်ကြောင်း သိရသည်။

စစ်ဗိုလ်ချုပ်များကမူ သေဆုံးမှုအနည်းငယ်သာ ရှိသည်ဟု ပြောခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles