အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မော်ခီးစခန်းကို အကျအဆုံးများစွာဖြင့် စစ်တပ် ပြန်သိမ်းဟု KNU ပြော

လက်နက်၊ ရိက္ခာများစွာ စွန့်၍ ထွက်ပြေးသွားခဲ့ပြီး ၁၇ ရက်အကြာ ယနေ့ (ဧပြီ ၆) ညနေတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မော်ခီးရွာရှိ စခန်းကို စစ်ကောင်စီက ပြန်သိမ်းသွားသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုသည်။

ထိုင်းနယ်စပ်တွင်ရှိပြီး မဆုတ်တမ်းခံစစ်ဟု စစ်ကောင်စီ ကြွေးကြော်ထားသည့် ထိုစခန်းကို KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က မတ် ၂၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မော်ခီးစခန်းကို ပြန်ရရန် စစ်ကောင်စီက အကျအဆုံးများစွာဖြင့် စစ်ဆင်နေခဲ့ပြီး ယနေ့ ပြန်လည်သိမ်းယူချိန်တွင်လည်း KNLA ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ၂၀ ထက်မနည်း သေဆုံးသွားသည်ဟု ပဒိုစောတောနီးက ပြောသည်။

ထိုစခန်းကို KNLA က သိမ်းပိုက်ပြီးချိန်တွင် တပ်စွဲထားခြင်းရှိမရှိ ရှင်းလင်းစွာ မသိရပါ။ ထို့အတူ ၎င်းတို့ဘက်မှ ထိခိုက်မှုနှင့် အခြားသေးစိတ်အခြေအနေများကိုမူ “လောဆယ်​တော့​ ပြောလို့မရ​သေးပါဘူးခင်ဗျ” ဟု ပဒိုစောတောနီးက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီတပ်ဘက် သေဆုံးမှုပမာဏကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီက ထိုစခန်းကို ပြန်ရရန် ဧပြီ ၅ ရက်ကတည်းက ဝေါလေမှတစ်ဆင့် အင်အား ၂၀၀ ကျော် သုံး၍ ထိုးစစ်ဆင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ မဲဆောက်မှတစ်ဆင့် မော်ခီးနှင့် အနီးဆုံးဖြစ်သည့် ကရင်ပြည်နယ် ဝေါလေမြို့သို့လည်း စစ်အင်အားပို့ခဲ့ကြောင်း ဒေသအခြေစိုက် KIC သတင်းဌာနက KNLA ကို ကိုးကားပြီး ယနေ့ သတင်းဖော်ပြထားသည်။

မော်ခီးစခန်းရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အခြေပြမြေပုံ။

KNLA တပ်များ မော်ခီးစခန်းကို သိမ်းစဉ် စစ်ကောင်စီထံမှ ၆၀ မမ စိန်ပြောင်းတစ်လက်၊ လက်နက်ငယ် ၄ လက်၊ RPG ဗုံးသီး ရာကျော်၊ ကျည်ဆန်နှင့် ရိက္ခာများစွာ သိမ်းမိသည်ဟု KNU က အတည်ပြုထားသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် ၃၂ နှင့် ခြေမြန်တပ်ရင်း အမှတ် ၅၅၅ ပူးပေါင်းအင်အား ၂၈ ဦး ရှိသည့် ထိုစခန်းကို KNLA က တိုက်ခိုက်သည့်နေ့ (မတ် ၂၁) တွင် တစ်ဦးသေ၍ တစ်ဦး အရှင်ဖမ်းမိခဲ့သည်။

နောက်တစ်ရက်တွင် ခမရ – ၅၅၅ စစ်ကြောင်းမှူး စန်းယုနှင့် တပ်ကြပ်တစ်ဦးကို ထပ်မံဖမ်းမိသည်ဟု KNU က ထုတ်ပြန်ထားဖူးသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးသလို စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင်လည်း တိုက်ပွဲဒေသဖြစ်ရပ်များ ဖော်ပြခြင်း မရှိတော့ပေ။

ဝေါလေမြို့နယ်ခွဲသည် KNU က ဒူးပလာယာခရိုင်အဖြစ် သတ်မှတ်ထားသည့် တပ်မဟာ ၆ နယ်မြေအတွင်း ရှိသည်။

ယခု KNLA တိုက်ခိုက်ခဲ့သည့် စခန်းသည် ယမန်နှစ်မှစ၍ စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်နေသည့် မြဝတီရှိ လေးကေ့ကော်မြို့သစ်၏ တောင်ဘက် ၃၆ မိုင်ခန့်အကွာတွင် ရှိသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားပြီးသည့် KNU က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို လက်မခံကြောင်း၊ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်မည်ဖြစ်ကြောင်း ကြွေးကြော်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

    နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

    Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

    Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

    မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

    Related Articles