အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ဆင်ရေးအတွက် ယတြာအစီအမံတွေကို စစ်ဗိုလ်ချုပ်တွေ ဘယ်လောက်ရူးသွပ်လဲ

ကြည်း၊ ရေ၊ လေ အရာရှိကြီးများသည်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နည်းတူ ဗေဒင်၊ ယတြာ ရူးကြပြီး စစ်ပွဲနိုင်ရေးအတွက်ပင် အခါတော်ပေးဘုန်းကြီးများ၏ အစီအမံများအတိုင်း ညွှန်ကြားသဖြင့် အောက်ခြေစစ်သည်များက မဖြစ်မနေလိုက်နာရသည်ဟု တပ်အရာရှိများက ထုတ်ပြောလာသည်။

ကမ္ဘာ့အဆင့်မီ တပ်တည်ဆောက်ရန် တဖွဖွပြောလေ့ရှိသော စစ်ခေါင်းဆောင်က ပြည်ပနိုင်ငံများမှ ဝယ်ယူထားသော လေယာဉ်၊ ရေယာဉ် အပါအဝင် စစ်လက်နက်ပစ္စည်းများရလာချိန်မှာပင် သပြေခက်နှင့် ရေမန်းပက်၍ တပ်တော်ဝင်လေ့ရှိသည်။

Global Fire Power အဖွဲ့၏ ယခုနှစ်ခန့်မှန်းချက်အရ ကမ္ဘာ့ နိုင်ငံ ၁၄၂ ခုတွင် အဆင့် ၃၉ ရှိသည်ဆိုသော မြန်မာစစ်တပ်အတွင်းမှာ တပ်အရာရှိကြီးများ၏ ဗေဒင်၊ ယတြာ ရူးသွပ်စွဲလန်းမှုများသည် မူယစ်ဆေးစွဲသူများ၊ ကင်ဆင်ရောဂါသည်များနှင့်ပင် တူနေကြောင်း CDM အရာရှိများက ခိုင်းနှိုင်းကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/SOcA15PO3uI]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button