
ကြည်း၊ ရေ၊ လေ အရာရှိကြီးများသည်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နည်းတူ ဗေဒင်၊ ယတြာ ရူးကြပြီး စစ်ပွဲနိုင်ရေးအတွက်ပင် အခါတော်ပေးဘုန်းကြီးများ၏ အစီအမံများအတိုင်း ညွှန်ကြားသဖြင့် အောက်ခြေစစ်သည်များက မဖြစ်မနေလိုက်နာရသည်ဟု တပ်အရာရှိများက ထုတ်ပြောလာသည်။
ကမ္ဘာ့အဆင့်မီ တပ်တည်ဆောက်ရန် တဖွဖွပြောလေ့ရှိသော စစ်ခေါင်းဆောင်က ပြည်ပနိုင်ငံများမှ ဝယ်ယူထားသော လေယာဉ်၊ ရေယာဉ် အပါအဝင် စစ်လက်နက်ပစ္စည်းများရလာချိန်မှာပင် သပြေခက်နှင့် ရေမန်းပက်၍ တပ်တော်ဝင်လေ့ရှိသည်။
Global Fire Power အဖွဲ့၏ ယခုနှစ်ခန့်မှန်းချက်အရ ကမ္ဘာ့ နိုင်ငံ ၁၄၂ ခုတွင် အဆင့် ၃၉ ရှိသည်ဆိုသော မြန်မာစစ်တပ်အတွင်းမှာ တပ်အရာရှိကြီးများ၏ ဗေဒင်၊ ယတြာ ရူးသွပ်စွဲလန်းမှုများသည် မူယစ်ဆေးစွဲသူများ၊ ကင်ဆင်ရောဂါသည်များနှင့်ပင် တူနေကြောင်း CDM အရာရှိများက ခိုင်းနှိုင်းကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/SOcA15PO3uI]