
မတ်လ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရွှေလှေကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းမီးရှို့ခဲ့ရာ ဆယ်တန်းကျောင်းသားတစ်ဦးသေဆုံးပြီး လူနေအိမ်တစ်ရာနီးပါးမီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အိမ်ခြေ ၆၀၀နီးပါးရှိသည့်ရွှေလှေရွာတွင် အိမ်ကြီးအိမ်ကောင်း ၁၀၀နီးပါးမီးလောင်ပြာကျသွားပြီး ပစ်ခတ်မှုတွေကြောင့်ထွက်ပြေးစဉ် အသက်၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသား မောင်ငြိမ်းချမ်းအောင် ရင်ဘတ်ထိမှန်သေဆုံးသွားကာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://www.youtube.com/watch?v=7FIezIeqt9U]



