
ရဲတပ်သားတယောက်ဖြစ်သူ ဗိုလ် PK သည် စစ်အာဏာသိမ်းပြီးနောက် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့နောက် မကွေးတိုင်းအတွင်းအခြေစိုက်ပြီး ဒေါင်းညီနောင်PDF အဖွဲ့ကိုဖွဲ့စည်းကာ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်လျက်ရှိသည်။
ဗိုလ် PK သည် ပြည့်သူရဲကောင်း တစ်ယောက်အဖြစ်ချင်ခဲ့ပြီး ရဲလုပ်ငန်းတာဝန်များကိုလည်း ကြိုးစားလုပ်ဆောင်ခဲ့သူဖြစ်သည်။ ယခုအချိန်တွင် ရဲတပ်သားဟောင်း PK က ၎င်းသည် ပြည်သူ့ရဲကောင်းတစ်ယောက်ဖြစ်ကြောင်း စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပြီး သက်သေပြနေပြီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/77lheQzfoRY]