ရုပ်သံသတင်း

စစ်ကောင်စီစစ်ကြောင်းက ခင်ဦးမြို့နယ်ရှိ ရွာ ၃ ရွာ ကိုမီးရှို့ပြီး ပြည်သူ ၃ ဦးကိုသတ်ဖြတ်

မတ်လ ၅ရက်နေ့ကတည်းက ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၀၀ ခန့်သည် သုံးရက်အတွင်း ဒါန်းကုန်းရွာ၊ မှန်တောရွာနှင့် ကျွန်းလည်ရွာက အိမ်ခြေ ၁၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူသုံးဦးကိုသတ်ဖြတ်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တွေနှင့် ဒေသခံများကဆိုသည်။

အသတ်ခံရသူများသည် မှန်တောရွာက အရပ်သားပြည်သူများဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကိုသန်းငွေနှင့် အသက် ၂၆ နှစ်အရွယ် ကိုမျိုးတင့်တို့အလောင်းများမှာ မီးရှို့ဖျက်ဆီးခံထားရကာ ကိုမျိုးကျော်သည် ဒဏ်ရာများစွာဖြင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/Eaqrt2sCjSc]

Related Articles

Back to top button