
လက်ရှိ စစ်ခေါင်းဆောင်များ၏လုပ်ရပ်ကို မကြိုက်ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ပိုမိုများပြားလာသလို တာဝန်ထမ်းဆောင်ဆဲစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း မိသားစုများနှင့် မိတ်ဆွေအပေါင်းအသင်းများ၏ ဖယ်ကျဉ်ခံရမှု ပိုများလာကြောင်း မကြာခင်က စစ်ကောင်စီတပ်ကို စွန့်ခွာလာသည့် လေတပ်အရာရှိတစ်ဦးက ပြောဆိုပါသည်။
ယခုပုံစံအတိုင်းဆက်သွားရင် တစ်နှစ်နှစ်နှစ်အတွင်း တပ်ပျက်လိမ့်မည်ဟု တပ်ထဲက အရာရှိများကြားထဲ တီးတိုးပြောဆိုလာကြကြောင်း လေတပ်တွင် ၁၇နှစ်ကြာ တာဝန်ထမ်းခဲ့သည့် ဗိုလ်ကြီးဇေသူအောင်က ပြောပါသည်။
ဤအကြောင်းအရာများအပါအဝင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအကြောင်း၊ လေယာဉ်များ၏ကြံ့ခိုင်မှုကိုတောင် ပုံမှန်မစစ်ဆေးနိုင်သည့်အခြေအနေများ၊ တပ်တွင်းနောက်ဆုံးအခြေအနေများနှင့်ပတ်သက်ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35 ၏ လေသူရဲတစ်ဦးဖြစ်သူ ဗိုလ်ကြီးဇေသူအောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/fCd_QJXnrHw]