ရုပ်သံ

ပေါက်မြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီး မီးရှို့သဖြင့် အိမ်ရာချီမီးလောင်

မကွေးတိုင်း၊ ပေါက်မြို့တောင်ဘက် ၁၈ မိုင်အကွာရှိ လယ်ယာနှင့် လက်ပံလှကျေးရွာကို စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသဖြင့် ရာနှင့်ချီသော နေအိမ်များ မီးလောင်ခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

ပေါက်မြို့နယ်မှာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားကောင်းရာ ချင်းပြည်နယ်တောင်ပိုင်းသို့ သွားရာလမ်းကြောင်းပေါ်တွင် တည်ရှိနေပြီး စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/lj2W0Andp1k]

Show More

Related Articles

Back to top button